လူအများက မိမိကိုယ်ကို ဖော်ပြရန်နှင့် မိမိတို့အတွက် အရေးပါသည့် အကြောင်းအရာများကို မျှဝေရန် Meta ထုတ်ကုန်များကို အသုံးပြုခြင်းမျိုးအား ကျွန်ုပ်တို့အလိုရှိသော်လည်း အခြားသူများ၏ ဘေးကင်းလုံခြုံမှုနှင့် ချမ်းသာသုခကိုဖြစ်စေ၊ ကျွန်ုပ်တို့ အသိုင်းအဝိုင်း၏ ဂုဏ်သိက္ခာများကိုဖြစ်စေ အထိခိုက်ခံ၍ မသုံးစေလိုပါ။ ထို့ကြောင့် သင်သည် အောက်တွင်ဖော်ပြထားသော လုပ်ဆောင်မှုတွင် မပါဝင်ရန် (သို့မဟုတ် အခြားသူများ ထိုကဲ့သို့လုပ်ဆောင်မှုတွင် ကူညီမပေးရန် သို့မဟုတ် ပံ့ပိုးမပေးရန်) သင်သဘောတူပါသည် -
- အောက်ပါတို့ကိုပြုလုပ်ရန် သို့မဟုတ် မျှဝေရန် ကျွန်ုပ်တို့၏ ထုတ်ကုန်များကို သင်အသုံးမပြုရပါ-
- ဤစည်းမျဉ်းများ၊ လူမှုစံနှုန်းများ သို့မဟုတ် ကျွန်ုပ်တို့၏ထုတ်ကုန်များအား သင်အသုံးပြုမှုအပေါ် သက်ရောက်သည့် အခြားစည်းမျဉ်းများနှင့်မူဝါဒများကို ချိုးဖောက်သည့်အရာများ။
- တရားမဝင်သော၊ နားလည်မှုလွဲစေသော၊ ခွဲခြားဆက်ဆံသော သို့မဟုတ် လိမ်လည်လှည့်ဖြားသော (သို့မဟုတ် ကျွန်ုပ်တို့၏ထုတ်ကုန်များကို ထိုသို့သော နည်းလမ်းဖြင့် အသုံးပြုရာတွင် အခြားသူတစ်ဦးဦးကို ကူညီသော) အရာများ။
- သင်မပိုင်ဆိုင်သော သို့မဟုတ် မျှဝေနိုင်ရန် လိုအပ်သည့် အခွင့်အရေးများ သင့်တွင်မရှိသော အရာများ။
- ပြဌာန်းဥပဒေအရ ခြွင်းချက် သို့မဟုတ် ကန့်သတ်ချက် မရှိလျှင် (အခြားသူ၏ မူပိုင်ခွင့် သို့မဟုတ် ကုန်အမှတ်တံဆိပ်ကို ချိုးဖောက်ခြင်း၊ သို့မဟုတ် အတုလုပ်ထားသော သို့မဟုတ် ခိုးယူထားသော ကုန်ပစ္စည်းများကို ဖြန့်ချိခြင်း သို့မဟုတ် ရောင်းချခြင်း စသည်တို့အားဖြင့်) အခြားတစ်စုံတစ်ယောက်၏ ဉာဏမူပိုင်ခွင့် အခွင့်အရေးများ အပါအဝင် မူပိုင်ခွင့်များကို ထိပါးသော သို့မဟုတ် ချိုးဖောက်သော အရာ။
- သင်သည် ဗိုင်းရပ်စ်များ သို့မဟုတ် ထိခိုက်ပျက်စီးစေနိုင်သောကုဒ်များကို အပ်လုဒ်လုပ်ခြင်း၊ အမှိုက်စာပို့ရန် ဝန်ဆောင်မှုများကို အသုံးပြုခြင်း သို့မဟုတ် ကျွန်ုပ်တို့ ဝန်ဆောင်မှုများ၊ စနစ်များ သို့မဟုတ် ထုတ်ကုန်များ၏ မှန်ကန်စွာအလုပ်လုပ်နိုင်မှု၊ ဂုဏ်သိက္ခာ၊ လုပ်ဆောင်ချက် သို့မဟုတ် ကျွန်ုပ်တို့ ၏ ဝန်ဆောင်မှုများ အသွင်အပြင်ကို ပိတ်ပင်နိုင်သော၊ ဝန်ပိစေနိုင်သော၊ နှောင့်ယှက်စေနိုင်သော သို့မဟုတ် ထိခိုက်စေနိုင်သော မည်သည့်အရာကိုမဆို မလုပ်ရပါ။
- အလိုအလျောက် ပြုလုပ်ထားသည့် နည်းလမ်းများကို အသုံးပြုပြီး (ကျွန်ုပ်တို့၏ ကြိုတင်ခွင့်ပြုချက်မရှိဘဲ) ကျွန်ုပ်တို့ ထုတ်ကုန်များမှ အချက်အလက်ကို စုဆောင်းခြင်း သို့မဟုတ် ရယူအသုံးပြုခြင်း သို့မဟုတ် ရယူအသုံးပြုခွင့်မရှိသည့် အချက်အလက်များကို အသုံးပြုရန် ကြိုးပမ်းခြင်းမျိုး မပြုလုပ်ရပါ။
- သင်သည် ထုတ်ကုန် အသုံးပြုသူအမည်များ သို့မဟုတ် စကားဝှက်များ သို့မဟုတ် မသင့်လျော်သော ဝင်ရောက်သုံးစွဲနိုင်ခွင့်တိုကင်များကို အယောင်ဆောင်ခြင်း၊ တောင်းဆိုခြင်း သို့မဟုတ် စုဆောင်းခြင်း မပြုလုပ်ရပါ။
- ပလက်ဖောင်း စည်းမျဉ်းများတွင် ဖော်ပြထားသည်မှလွဲ၍ ကျွန်ုပ်တို့ထံမှ သို့မဟုတ် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများမှ ရရှိခဲ့သော မည်သည့်အချက်အလက်ကိုမဆို သင်က ရောင်းချခြင်း၊ လိုင်စင်ပေးခြင်း သို့မဟုတ် ဝယ်ယူခြင်းတို့ မပြုလုပ်ရပါ။
- သင်သည် ဥပမာအားဖြင့် လိမ်လည်ထားသော၊ မလိုအပ်ဘဲ ထပ်ခါတလဲလဲပြုလုပ်ထားသော သို့မဟုတ် အခြေအမြစ်မရှိသော တိုင်ကြားမှုများ သို့မဟုတ် အယူခံမှုများကို ပြုလုပ်ခြင်းဖြင့် တိုင်ကြားခြင်း၊ မှားနေကြောင်း အမှတ်အသားပြုခြင်း၊ အငြင်းပွားခြင်း သို့မဟုတ် အယူခံဝင်ခြင်းဆိုင်ရာ ချန်နယ် မှန်သမျှကို အလွဲသုံးစား မပြုလုပ်ရပါ။
ဤပြဋ္ဌာန်းချက်များကို ချိုးဖောက်နေသော အကြောင်းအရာအား ဖယ်ရှားခြင်း သို့မဟုတ် ထိုသို့သော အကြောင်းအရာကို ဝင်ရောက်ကြည့်ရှုမှုအား ကန့်သတ်ခြင်းကို ကျွန်ုပ်တို့က လုပ်ဆောင်နိုင်ပါသည်။ အခန်း ၄.ခ တွင် ဖော်ပြထားသည့်အတိုင်း ဤပြဋ္ဌာန်းချက်များကို ချိုးဖောက်သည့် လုပ်ရပ်အတွက် ကျွန်ုပ်တို့သည် သင့်အကောင့်ကို ဆိုင်းငံ့နိုင် သို့မဟုတ် ပိတ်ပင်နိုင်ပါသည်။
အကယ်၍ သင်သည် ဤစည်းမျဉ်းများကို အလွန်အမင်း သို့မဟုတ် ထပ်ဖန်တလဲလဲ ချိုးဖောက်လာခြင်းမဟုတ်ပါက သို့မဟုတ် ထိုသို့ပြုလုပ်ခြင်းဖြင့် ကျွန်ုပ်တို့အတွက် သို့မဟုတ် အခြားသူများအတွက် တရားဝင်တာဝန်ယူမှုများဖြစ်လာစေခြင်း၊ ကျွန်ုပ်တို့၏ အသုံးပြုသူ လူမှုအဖွဲ့အစည်းအား ထိခိုက်စေခြင်း၊ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများ၊ ထုတ်ကုန်များ၊ စနစ်များ၏ လုပ်ဆောင်ချက်များ သို့မဟုတ် ဂုဏ်သိက္ခာကို ထိပါးစေခြင်းသို့မဟုတ် အနှောင့်အယှက်ဖြစ်စေခြင်းတို့ ဖြစ်နိုင်ပါက၊ နည်းပညာဆိုင်ရာကန့်သတ်ချက်များကြောင့် ကျွန်ုပ်တို့အား ကန့်သတ်ခံရသောအခြေအနေများတွင် သို့မဟုတ် ဥပဒေရေးရာ အကြောင်းအရင်းများကြောင့် ကျွန်ုပ်အား ထိုကဲ့သို့လုပ်ဆောင်ခြင်းမှ တားမြစ်ခြင်းခံရသော အခြေအနေများတွင် သင်မျှဝေထားသောအကြောင်းအရာသည် လူမှုစံနှုန်းများကိုချိုးဖောက်သောကြောင့် ကျွန်ုပ်တို့ဘက်မှဖယ်ရှားလိုက်လျှင် သင့်အားအသိပေးပြီး၊ အခြားပြန်လည်သုံးသပ်ရန်အတွက် သင်တောင်းဆိုနိုင်မည့်ရွေးချယ်မှုများကို ရှင်းပြပေးမည်ဖြစ်သည်။ အကောင့်ဆိုင်းငံ့ခြင်း သို့မဟုတ် ရပ်စဲခြင်းအတွက် အချက်အလက်များကို အောက်ရှိ အခန်း ၄.ခ တွင်ကြည့်ပါ။
အကယ်၍ ဤလုပ်ဆောင်ချက်သည် သင်နေထိုင်ရာ တရားစီရင်ပိုင်ခွင့်အတွင်းတွင် တည်ရှိလျှင် ကျွန်ုပ်တို့၏ လူမှုအဖွဲ့အစည်းကို ကူညီရန်အတွက် သင့်အခွင့်အရေး (
ဉာဏပစ္စည်းဆိုင်ရာ မူပိုင်ခွင့်များ အပါအဝင်) သို့မဟုတ် ကျွန်ုပ်တို့၏ စည်းကမ်းချက်များနှင့် မူဝါဒများကို ချိုးဖောက်နေသည်ဟု သင် ယုံကြည်သော အကြောင်းအရာ သို့မဟုတ် လုပ်ရပ်အား
တိုင်ကြားရန် ကျွန်ုပ်တို့က သင့်အား တိုက်တွန်းလိုပါသည်။
ကျွန်ုပ်တို့၏ ဝန်ဆောင်မှုကို တလွဲသုံးခြင်း သို့မဟုတ် Meta အပေါ် မလိုလားအပ်သည့် ဥပဒေရေးရာ သို့မဟုတ် စည်းကမ်းကြပ်မတ်မှုဆိုင်ရာ သက်ရောက်မှုများကို ရှောင်ရှားရန် သို့မဟုတ် လျော့နည်းစေရန် ကျိုးကြောင်းသင့်လိုအပ်သည်ဟု ကျွန်ုပ်တို့ဆုံးဖြတ်ပါက အကြောင်းအရာ၊ လုပ်ဆောင်ချက်များ၊ ဝန်ဆောင်မှုများ သို့မဟုတ် အချက်အလက်များ ဝင်ရောက်အသုံးပြုမှု ကို ကျွန်ုပ်တို့ ဖယ်ရှားနိုင် သို့မဟုတ် ကန့်သတ်နိုင်ပါသည်။