ပါဝင်ရန်
Facebook သုံးနေပြီလား။ လော့ဂ်အင်ဝင်ရန်
ဝန်ဆောင်မှုဆိုင်ရာ စည်းမျဉ်းများ
ကျွန်ုပ်တို့၏ Meta ဝန်ဆောင်မှုဆိုင်ရာ စည်းမျဉ်းများကို ပြင်ဆင်နေပါသည်။ ဤပြင်ဆင်ထားသောအချက်အလက်များသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်၍ အကျုံးဝင်ပါမည်။ စည်းမျဉ်းအသစ်များကို ဖတ်ရှုပါ။
Meta သည် လူများအချင်းချင်း ဆက်သွယ်နိုင်ရန်၊ အသိုင်းအဝိုင်းများ တည်ဆောက်ရန်နှင့် စီးပွားရေးလုပ်ငန်းများ တိုးတက်စေရန်အတွက် စွမ်းဆောင်ပေးနိုင်သော နည်းပညာများနှင့် ဝန်ဆောင်မှုများကို ဖန်တီးပေးပါသည်။ (ဤစည်းမျဉ်းများမဟုတ်ဘဲ) သီးခြားစည်းမျဉ်းများ သက်ရောက်သည်ဟု အတိအလင်း ဖော်ပြထားသော နေရာများမှအပ ဤစည်းမျဉ်းများသည် သင်၏ Facebook ၊ Messenger အသုံးပြုမှုနှင့် အခြားထုတ်ကုန်များ၊ လုပ်ဆောင်ချက်များ၊ အက်ပ်များ၊ ဝန်ဆောင်မှုများ၊ နည်းပညာများနှင့် ကျွန်ုပ်တို့ကမ်းလှမ်းသည့် ဆော့ဖ်ဝဲ ( Meta ထုတ်ကုန်များ သို့မဟုတ် ထုတ်ကုန်များ) အပေါ် သက်ရောက်ထိန်းချုပ်ပါသည်။ Meta Platforms, Inc. က သင့်အား ဤထုတ်ကုန်များကို ပံ့ပိုးပေးပါသည်။
Facebook သို့မဟုတ် ဤစည်းမျဉ်းများအတွင်း အကျုံးဝင်သည့် အခြားထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို အသုံးပြုရန်အတွက် အခြားနည်းအားဖြင့် ကျွန်ုပ်တို့ ဖော်ပြမထားလျှင် သင့်ထံမှ ကျွန်ုပ်တို့ ငွေကြေးမကောက်ခံပါ။ ၎င်းအစား စီးပွားရေးလုပ်ငန်းများ၊ အဖွဲ့အစည်းများနှင့် အခြားလူများက ၎င်းတို့၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအတွက် ကြော်ငြာများကို သင့်ထံ ပြသပေးရန် ကျွန်ုပ်တို့အား အခကြေးငွေ ပေးထားပါသည်။ ကျွန်ုပ်တို့၏ ထုတ်ကုန်များကို အသုံးပြုခြင်းဖြင့် သင်နှင့် သင်၏ စိတ်ဝင်စားမှုများနှင့် ကိုက်ညီနိုင်သည်ဟု ကျွန်ုပ်တို့ယူဆသော ကြော်ငြာများကို သင့်အားပြသပေးနိုင်ကြောင်း သင်သဘောတူပါသည်။ ကျွန်ုပ်တို့သည် သင့်အား မည်သည့်စိတ်ကြိုက်ကြော်ငြာများ ပြရမည်ကို ဆုံးဖြတ်နိုင်ရန်အတွက် သင်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို အသုံးပြုပါသည်။
သင့်ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ကြော်ငြာသူများအား ကျွန်ုပ်တို့ရောင်းချခြင်း မပြုသည့်အပြင် သင်က ကျွန်ုပ်တို့အား တိကျသော ခွင့်ပြုချက် မပေးသရွေ့ သင့်ကို မည်သူမည်ဝါဖြစ်ကြောင်း တိုက်ရိုက်ဖော်ထုတ်သည့် အချက်အလက်များ (သင့်အမည်၊ အီးမေးလိပ်စာ သို့မဟုတ် အခြားဆက်သွယ်ရန် အချက်အလက်ကဲ့သို့) ကို ကြော်ငြာသူများနှင့် ကျွန်ုပ်တို့ မျှဝေခြင်းမပြုပါ။ ယင်းအစား ကြော်ငြာသူများသည် ၎င်းတို့၏ကြော်ငြာများအား မြင်စေလိုသော ပရိသတ်အမျိုးအစားကဲ့သို့ အရာများကို ကျွန်ုပ်တို့ထံ ပြောပြနိုင်ပြီး စိတ်ဝင်စားနိုင်လောက်သူများထံသို့ ထိုကြော်ငြာများကို ကျွန်ုပ်တို့ ပြပေးပါသည်။ ကြော်ငြာသူများအား ၎င်းတို့၏ အကြောင်းအရာအပေါ် လူများမည်သို့တုံ့ပြန်ကြသည်ကို နားလည်စေရန် ၎င်းတို့ကြော်ငြာများ၏ စွမ်းဆောင်ရည်အကြောင်း အစီရင်ခံစာများကိုလည်း ကျွန်ုပ်တို့ ပေးအပ်ပါသည်။ အောက်ပါ အပိုင်း ၂ ကို ကြည့်ရှုပြီး ဤစည်းမျဉ်းများအောက်ရှိ စိတ်ကြိုက်ကြော်ငြာက Meta ထုတ်ကုန်များတွင် မည်သို့အလုပ်လုပ်ပုံအကြောင်း ပိုမိုလေ့လာပါ။
သင်မြင်တွေ့ရသော ကြော်ငြာအချို့ကို ဆုံးဖြတ်ရန်နှင့် အောက်တွင်ဖော်ပြထားသည့် အခြားဝန်ဆောင်မှုအားလုံးကို ပံ့ပိုးပေးရန်အတွက် သင်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ကျွန်ုပ်တို့မည်ကဲ့သို့ စုဆောင်းပြီး အသုံးပြုပုံကို ကျွန်ုပ်တို့၏ ကိုယ်ရေးလုံခြုံမှုဆိုင်ရာ မူဝါဒ တွင် ရှင်းပြပေးထားပါသည်။ သင့်အချက်အလက်များကို ကျွန်ုပ်တို့အသုံးပြုပုံနှင့် ပတ်သက်ပြီး သင့်တွင်ရှိသော ကိုယ်ရေးလုံခြုံမှု ရွေးချယ်ခွင့်များကို စိစစ်သုံးသပ်ရန် သက်ဆိုင်ရာ Meta ထုတ်ကုန်၏ ဆက်တင် စာမျက်နှာများသို့လည်း အချိန်မရွေး သွားရောက်နိုင်ပါသည်။
ထိပ်ဆုံးကို ပြန်သွားမယ်
၁။ ကျွန်ုပ်တို့ပံ့ပိုးပေးသော ဝန်ဆောင်မှုများ
ကျွန်ုပ်တို့၏ ပန်းတိုင်မှာ လူများအနေဖြင့် အသိုင်းအဝိုင်းဖန်တီးပြီး ကမ္ဘာကြီးတွင် တစ်ဦးနှင့်တစ်ဦး ပို၍ရင်းနှီးနွေးထွေးလာအောင် အတူတကွ ဆောင်ရွက်နိုင်ရေးအတွက် စွမ်းအားပေးရန်ဖြစ်သည်။ ထိုပန်းတိုင်ကို ရှေ့ဆက်လှမ်းရာတွင် အကူအညီဖြစ်စေရန် ကျွန်ုပ်တို့က အောက်၌ ဖော်ပြထားသည့် ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို သင့်အတွက် ပံ့ပိုးပေးပါမည်- သင့်အတွက် ကိုက်ညီမှုရှိသော သုံးစွဲမှုပုံစံကို ပံ့ပိုးပေးရန်- ပို့စ်များ၊ စတိုရီများ၊ ပွဲအစီအစဉ်များ၊ ကြော်ငြာများနှင့် Facebook သတင်းစဉ် သို့မဟုတ် ကျွန်ုပ်တို့၏ ဗီဒီယိုပလက်ဖောင်းတွင် သင်ကြည့်ရှုသည့် အခြားသော အကြောင်းအရာများမှစ၍ သင်စောင့်ကြည့်ထားသော Facebook စာမျက်နှာများနှင့် Facebook Marketplace နှင့် ရှာဖွေမှုကဲ့သို့ သင်အသုံးပြုနိုင်သည့် အခြားသော လုပ်ဆောင်ချက်များအထိ Facebook ပေါ်တွင် သင်၏ ကြည့်ရှုသုံးစွဲမှုပုံစံသည် အခြားသူများနှင့် မတူညီပေ။ ဥပမာ- သင့်စိတ်ကြိုက် ကြည့်ရှုသုံးစွဲနိုင်ရန်အတွက် ကျွန်ုပ်တို့၏ ထုတ်ကုန်များပေါ်တွင်နှင့် ပြင်ပတွင် သင်ပြုလုပ်သော ဆက်သွယ်မှုများ၊ သင်ရွေးလိုက်သော ရွေးချယ်မှုများနှင့် ဆက်တင်များ၊ သင်မျှဝေ၍ လုပ်ဆောင်သော အရာများအကြောင်း အချက်အလက်များကို ကျွန်ုပ်တို့အသုံးပြုပါသည်။ |
သင့်ကို သင်အလေးထားသည့် လူများ၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပေးရန်- သင်အသုံးပြုသော Meta ထုတ်ကုန်အသီးသီးတွင် သင့်အတွက် အရေးပါသော လူများ၊ အဖွဲ့များ၊ လုပ်ငန်းများ၊ အဖွဲ့အစည်းများနှင့် အခြားအရာများကို သင်ရှာဖွေ၍ ဆက်သွယ်နိုင်စေရန်အတွက် ကျွန်ုပ်တို့က ကူညီပေးပါသည်။ သင်နှင့် အခြားသူများအတွက် အကြံပြုချက်များပေးရန် - ဥပမာအားဖြင့် ပါဝင်နိုင်သောအဖွဲ့များ၊ တက်ရောက်ရန် ပွဲအစီအစဉ်များ၊ စောင့်ကြည့်ရန် သို့မဟုတ် မက်ဆေ့ပို့ရန် Facebook စာမျက်နှာများ၊ ကြည့်ရှုရန် ဖျော်ဖြေရေးအစီအစဉ်များနှင့် သင့်အနေဖြင့် သူငယ်ချင်းဖြစ်လိုသူများ စသည်တို့အတွက် ကျွန်ုပ်တို့က အချက်အလက်များကို အသုံးပြုပါသည်။ ပိုမိုခိုင်မာသော ဆက်ဆံရေးများသည် ပို၍ကောင်းမွန်သော လူမှုအဖွဲ့အစည်းများကို ဖြစ်ပေါ် စေပြီး လူများကို ၎င်းတို့အလေးထားသော ပုဂ္ဂိုလ်များ၊ အဖွဲ့များ၊ အဖွဲ့အစည်းများနှင့် ဆက်သွယ်ချိတ်ဆက်ပေးသည့်အခါ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများက အသုံးအဝင်ဆုံးဖြစ်သည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။ |
သင့်ကိုယ်သင် ဖော်ပြရန်နှင့် သင့်အတွက် အရေးပါသည့် အကြောင်းအရာများနှင့် ပတ်သက်၍ ဆက်သွယ်ပြောဆိုရန်အတွက် သင့်ကိုလုပ်ပိုင်ခွင့်မြှင့်တင်ပေးရန်- Facebook ပေါ်တွင် သင့်ကိုယ်သင် ဖော်ပြရန်နှင့် သင့်အတွက် အရေးပါသော အကြောင်းအရာများနှင့် ပတ်သက်၍ သူငယ်ချင်းများ၊ မိသားစုများနှင့် အခြားသူများထံ ဆက်သွယ်ပြောကြားရန် နည်းလမ်းများစွာ ရှိပါသည် - ဥပမာအားဖြင့် Meta ထုတ်ကုန်အသီးသီးတွင် (သင့်ဆက်တင်များနှင့်အညီ) နောက်ဆုံးတင် စာစုများ၊ ဓာတ်ပုံများ၊ ဗီဒီယိုများနှင့် စတိုရီများကို မျှဝေခြင်း၊ သူငယ်ချင်းတစ်ဦး သို့မဟုတ် လူများစွာထံ မက်ဆေ့များ ပေးပို့ခြင်း သို့မဟုတ် အသံခေါ်ဆိုမှု သို့မဟုတ် ဗီဒီယိုခေါ်ဆိုမှုများ ပြုလုပ်ခြင်း၊ ပွဲအစီအစဉ်များ သို့မဟုတ် အဖွဲ့များ ဖန်တီးခြင်း သို့မဟုတ် သင့်ပရိုဖိုင်တွင် အကြောင်းအရာများ ပေါင်းထည့်ခြင်းတို့အပြင် သင့်အကြောင်းအရာကို အခြားသူများ ထိတွေ့ဆောင်ရွက်ပုံအကြောင်း အသေးစိတ်အစီရင်ခံစာများကို သင့်အား ပြသခြင်း။ ခံစားမှုကို ပို၍ ထိမိစွာဖော်ပြနိုင်ပြီး စိတ်ဝင်စားစရာကောင်းသော အကြောင်းအရာကို Meta ထုတ်ကုန်များပေါ်တွင် ဖန်တီးမျှဝေရန်အတွက် ပြင်ပကမ္ဘာနှင့် ကွန်ပျူတာဓာတ်ပုံ ပေါင်းစပ်မှုနည်းပညာနှင့် ၃၆၀ ဗီဒီယိုကဲ့သို့သော နည်းပညာများကို လူများအသုံးပြုနိုင်စေမည့် နည်းလမ်းသစ်များအား ကျွန်ုပ်တို့က တီထွင်ဖန်တီးပေးခဲ့သည့်အပြင် နည်းလမ်းအသစ်များကိုလည်း ဆက်လက်စူးစမ်းရှာဖွေလျက်ရှိသည်။ |
ကျွန်ုပ်တို့ဝန်ဆောင်မှုများ၏ အန္တရာယ်ကင်းရှင်းရေး၊ ဘေးကင်းလုံခြုံရေးနှင့် သမာသမတ်ကျမှုတို့ကို မြှင့်တင်ရန်၊ အန္တရာယ်ရှိသော လုပ်ရပ်များကို တိုက်ဖျက်ရန်နှင့် အသုံးပြုသူများရှိရာ ကျွန်ုပ်တို့၏ အသိုင်းအဝိုင်းကို ဘေးကင်းလုံခြုံအောင်ထားရန်- လူများသည် ၎င်းတို့ဘေးကင်းလုံခြုံသည်ဟု ခံစားရမှသာလျှင် Meta ထုတ်ကုန်များပေါ်၌ အသိုင်းအဝိုင်းတစ်ခု ဖန်တီးမည်ဖြစ်သည်။ ကျွန်ုပ်တို့၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ၏ (ရရှိနိုင်မှု၊ စစ်မှန်မှု၊ တည်တံ့ခိုင်မြဲမှုနှင့် လျှို့ဝှက်ထားရှိမှုများ အပါအဝင်) ဘေးကင်းလုံခြုံရေးကို ထိန်းသိမ်းရန် ကျွန်ုပ်တို့ ကြိုးစားလုပ်ဆောင်ပါသည်။ ကျွန်ုပ်တို့၏ ထုတ်ကုန်များကို တလွဲသုံးနိုင်သည့် အလားအလာ၊ အခြားသူများကို ထိခိုက်နစ်နာစေသည့် အပြုအမူများနှင့် ချိုးဖောက်နိုင်ခြေရှိသော အကြောင်းအရာကို တိုင်ကြားလာသော အသုံးပြုသူများကို တုံ့ပြန်ခြင်းများ အပါအဝင် ကျွန်ုပ်တို့၏ လူမှုအဖွဲ့အစည်းကိုကူ၍ ပံ့ပိုးပေးနိုင်သော သို့မဟုတ် ကာကွယ်နိုင်သော အခြေအနေများအား ရှာဖွေရန် သီးသန့်အဖွဲ့များကို ကမ္ဘာအနှံ့ ဖွဲ့စည်းပေးထား၍ ပြင်ပမှ ဝန်ဆောင်မှုပေးသူများ၊ မိတ်ဖက်များနှင့် အခြားသက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် အလုပ်လုပ်ကိုင်လျက်ရှိပြီး အဆင့်မြင့် နည်းပညာသုံးစနစ်များကို တီထွင်လျက်ရှိပါသည်။ ဤကဲ့သို့ အကြောင်းအရာ သို့မဟုတ် လုပ်ဆောင်မှုကို ကျွန်ုပ်တို့ သိရှိပါက သင့်ကို သတိပေးခြင်း၊ အကူအညီကမ်းလှမ်းခြင်း၊ အကြောင်းအရာကို ဖယ်ရှားခြင်း၊ လုပ်ဆောင်ချက်အချို့အား ဝင်ရောက်အသုံးပြုခွင့်ကို ဖယ်ရှားခြင်း သို့မဟုတ် ကန့်သတ်ခြင်း၊ အကောင့်ပိတ်ခြင်း သို့မဟုတ် ဥပဒေစိုးမိုးရေးဌာနသို့ ဆက်သွယ်ခြင်းတို့အပါအဝင် ကျွန်ုပ်တို့၏ အကဲဖြတ်ချက်ပေါ်အခြေခံ၍ သင့်တော်သလို အရေးယူဆောင်ရွက်နိုင်ပါသည်။ ကျွန်ုပ်တို့၏ထုတ်ကုန်တစ်ခုကို အသုံးပြုနေသော တစ်စုံတစ်ယောက်၏ အလွဲသုံးစားမှု သို့မဟုတ် အန္တရာယ်ရှိသော လုပ်ရပ်ကို ကျွန်ုပ်တို့က ရှာဖွေတွေ့ရှိလျှင် သို့မဟုတ် Meta ထုတ်ကုန်များ၊ အသုံးပြုသူများနှင့် လူမှုအဖွဲ့အစည်းတို့ လုံခြုံစေရန် ထိန်းသိမ်းထားရာတွင် အထောက်ကူဖြစ်စေရန် ကျွန်ုပ်တို့သည် အချက်အလက်များကို Meta ၏ ကုမ္ပဏီများ နှင့် မျှဝေပါသည်။ ဥပမာအားဖြင့် ကျွန်ုပ်တို့သည် ငွေကြေးဆိုင်ရာ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ပံ့ပိုးပေးသော Meta ကုမ္ပဏီများအား အန္တရာယ်ကင်းရှင်းရေး၊ ဘေးကင်းလုံခြုံရေးနှင့် သမာသမတ်ကျမှုတို့ကို အားပေးမြှင့်တင်ရန်နှင့် သက်ဆိုင်ရာ ဥပဒေကို လိုက်နာရန်အတွက် ကူညီပေးရန် အချက်အလက်များကို ၎င်းတို့နှင့် မျှဝေပါသည်။ Meta သည် ထိုသို့ပြုလုပ်ရန် ဥပဒေက သတ်မှတ်ထားသည် သို့မဟုတ် ခွင့်ပြုထားသည်ဟု သဘောရိုးဖြင့် ယုံကြည်ပါက သင့်အကြောင်း ၎င်းစုဆောင်းထားသော အချက်အလက်မှန်သမျှကို ဝင်ရောက်အသုံးပြုခြင်း၊ ထိန်းသိမ်းခြင်း၊ အသုံးပြုခြင်းနှင့် မျှဝေခြင်းတို့ကို ပြုလုပ်နိုင်သည်။ နောက်ထပ်အချက်အလက်များကို သိရှိရန် ကျွန်ုပ်တို့၏ ကိုယ်ရေးလုံခြုံမှုဆိုင်ရာ မူဝါဒ ကို သုံးသပ်ပါ။ အချို့သောကိစ္စရပ်များတွင် ကြီးကြပ်ရေးဘုတ်အဖွဲ့သည် ၎င်း၏စည်းမျဉ်းများနှင့် နည်းဥပဒေများနှင့်အညီ ကျွန်ုပ်တို့၏ဆုံးဖြတ်ချက်များကို စိစစ်သုံးသပ်ပေးနိုင်ပါသည်။ ဤနေရာ တွင် ပိုမိုလေ့လာပါ။ |
လူတိုင်းအတွက် ဘေးကင်း၍ လက်တွေ့အသုံးဝင်သော ဝန်ဆောင်မှုများကို ဖော်ဆောင်ပေးမည့် အဆင့်မြင့်နည်းပညာများကို အသုံးပြုရန်နှင့် တီထွင်ဖန်တီးရန် - ရုပ်ပိုင်းဆိုင်ရာစွမ်းရည် သို့မဟုတ် ပထဝီဝင်တည်နေရာတို့နှင့် မဆိုင်ဘဲ ကျွန်ုပ်တို့၏ ထုတ်ကုန်များကို လူများ ဘေးကင်းလုံခြုံစွာအသုံးပြုနိုင်စေရန် လူလုပ်အသိဉာဏ်တု၊ စိစစ်ဆုံးဖြတ်နိုင်ရန် ကွန်ပျူတာအား လေ့လာသင်ယူစေခြင်းစနစ်များနှင့် ပြင်ပကမ္ဘာနှင့် ကွန်ပျူတာဓာတ်ပုံ ပေါင်းစပ်မှုနည်းပညာကဲ့သို့ အဆင့်မြင့်နည်းပညာများကို ကျွန်ုပ်တို့က အသုံးပြုပြီး တိုးတက်အောင်လုပ်ဆောင်နေပါသည်။ ဥပမာ Facebook သို့မဟုတ် Instagram တွင် မျှဝေခဲ့သည့် ဓာတ်ပုံများ သို့မဟုတ် ဗီဒီယိုများထဲ၌ ဘာရှိသလဲ သို့မဟုတ် ဘယ်သူလဲဆိုသည်ကို အမြင်အာရုံမကောင်းသူများ သိနားလည်အောင် အထောက်အကူပေးသည့် နည်းပညာကဲ့သို့ ဖြစ်သည်။ ကန့်သတ်ဝင်ခွင့်ရှိသော နေရာများတွင် လူအများပိုမို၍ အင်တာနက်ကို ချိတ်ဆက်ရန် အထောက်အကူဖြစ်စေသည့် ခေတ်မီကွန်ရက်နှင့် ဆက်သွယ်ရေးနည်းပညာကိုလည်း ကျွန်ုပ်တို့က တည်ဆောက်ပေးပါသည်။ ၎င်းအပြင် ကျွန်ုပ်တို့၏ လူမှုအဖွဲ့အစည်းနှင့် ကျွန်ုပ်တို့၏ ထုတ်ကုန်များ၏ ဂုဏ်သိက္ခာကို စော်ကား၍ အန္တရာယ်ရှိလာနိုင်သော လုပ်ဆောင်ချက်ကို ရှာဖွေ၊ ဖယ်ရှားနိုင်သော စွမ်းဆောင်ရည် ပိုမိုမြင့်တက်လာစေရန် အလိုလျောက်စွမ်းဆောင်သော စနစ်များကို ဖန်တီးအသုံးပြုပါသည်။ |
ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများ ပိုကောင်းလာစေမည့် နည်းလမ်းများကို သုတေသနပြုရန် - ကျွန်ုပ်တို့၏ ထုတ်ကုန်များကို ပုံဖော်ဖန်တီးရန်၊ စမ်းသပ်ရန်နှင့် တိုးတက်အောင်လုပ်ရန်အတွက် သုတေသနပြုရာတွင် ကျွန်ုပ်တို့ပါဝင်ဆောင်ရွက်သည်။ ဤတွင် ဥပမာအားဖြင့် စစ်တမ်းများကောက်ယူခြင်း၊ လုပ်ဆောင်ချက်အသစ်များကို စမ်းသပ်ခြင်းနှင့် ပြစ်ချက်ရှာဖွေဖြေရှင်းခြင်းဖြင့် ကျွန်ုပ်တို့၏ အသုံးပြုသူများနှင့် ပတ်သက်၍ ကျွန်ုပ်တို့တွင်ရှိသည့် ဒေတာများကို ခွဲခြမ်းစိတ်ဖြာခြင်းနှင့် ကျွန်ုပ်တို့၏ ထုတ်ကုန်များကို လူအများအသုံးပြုပုံအား နားလည်အောင်လုပ်ခြင်းတို့ ပါဝင်ပါသည်။ ကျွန်ုပ်တို့၏ ကိုယ်ရေးလုံခြုံမှုဆိုင်ရာ မူဝါဒ တွင် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို တီထွင်ဖန်တီးရန်နှင့် တိုးတက်အောင်လုပ်ဆောင်ရန် ရည်ရွယ်ချက်များအတွက် ကျွန်ုပ်တို့က အချက်အလက်များကို အသုံးပြု၍ ဤသုသေတနကို ပံ့ပိုးပေးပုံအကြောင်း ရှင်းပြထားသည်။ |
Meta ကုမ္ပဏီ ထုတ်ကုန်အသီးသီးတွင် တစ်သမတ်တည်းဖြစ်သည့် အဆက်မပြတ်ချောမွေ့သော အသုံးပြုမှုအတွေ့အကြုံများကို ပံ့ပိုးပေးရန်- သင့်အတွက်အရေးပါသည့် လူများ၊ အဖွဲ့များ၊ လုပ်ငန်းများ၊ အဖွဲ့အစည်းများနှင့် အခြားအရာများကို ရှာဖွေပြီး ဆက်သွယ်ရန် ကျွန်ုပ်တို့ ထုတ်ကုန်များက သင့်အား ကူညီပါသည်။ သင်အသုံးပြုသည့် မတူညီသော Meta ကုမ္ပဏီ ထုတ်ကုန် အသီးသီးတွင် တစ်သမတ်တည်းဖြစ်သည့် ချောမွေ့လွယ်ကူသော ကြည့်ရှုသုံးစွဲမှု အတွေ့အကြုံများ ရရှိစေရန်အတွက် ကျွန်ုပ်တို့၏စနစ်များကို ဒီဇိုင်းဆွဲထားပါသည်။ ဥပမာအားဖြင့် Facebook ၌ သင်ထိတွေ့ဆက်ဆံမှုရှိသော လူများနှင့် Instagram သို့မဟုတ် Messenger တွင် ပို၍လွယ်ကူစွာ ချိတ်ဆက်နိုင်စေရန် ကျွန်ုပ်တို့က အဆိုပါလူများနှင့် ပတ်သက်သည့် အချက်အလက်များကို အသုံးပြုပါသည်။ ထို့ပြင် Facebook တွင် သင် စောင့်ကြည့်ထားသော လုပ်ငန်းတစ်ခုကို Messenger မှတစ်ဆင့် သင်ချိတ်ဆက်နိုင်စေရန်လည်း ကျွန်ုပ်တို့က လုပ်ဆောင်ပေးပါသည်။ |
ကျွန်ုပ်တို့၏ဝန်ဆောင်မှုများသို့ ဝင်ရောက်အသုံးပြုခွင့်ကို သေချာအောင်လုပ်ခြင်း - ကျွန်ုပ်တို့၏ ကမ္ဘာလုံးဆိုင်ရာ ဝန်ဆောင်မှုများကို စီမံလုပ်ဆောင်ရန်နှင့် ကမ္ဘာတစ်ဝန်းရှိလူများနှင့် သင်ဆက်သွယ်နိုင်စေရန်အတွက် သင်နေထိုင်သည့် နိုင်ငံပြင်ပ အပါအဝင် ကမ္ဘာအနှံ့ရှိ ကျွန်ုပ်တို့၏ ဒေတာစင်တာများ၊ မိတ်ဖက်များ၊ ဝန်ဆောင်မှုပေးသူများ၊ ရောင်းချသူများနှင့် စနစ်များသို့ အကြောင်းအရာနှင့် အချက်အလက်တို့ကို ကျွန်ုပ်တို့က လွှဲပြောင်းရန်၊ သိမ်းဆည်းရန်နှင့် ဖြန့်ဝေရန် လိုအပ်ပါသည်။ ကျွန်ုပ်တို့၏ဝန်ဆောင်မှုများကို ပံ့ပိုးပေးရန်အတွက် ဤကမ္ဘာအနှံ့ အခြေခံအဆောက်အအုံကို အသုံးပြုရန်မှာ မရှိမဖြစ်လိုအပ်ပြီး အရေးကြီးပါသည်။ ဤအခြေခံအဆောက်အအုံကို Meta Platforms, Inc.၊ Meta Platforms Ireland Limited သို့မဟုတ် ၎င်း၏ အဖွဲ့ဝင်များက ပိုင်ဆိုင်နိုင်ပြီး လည်ပတ်လုပ်ဆောင်နိုင် သို့မဟုတ် ထိန်းချုပ်နိုင်ပါသည်။ |
ထိပ်ဆုံးကို ပြန်သွားမယ်
၂။ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို ငွေကြေးထောက်ပံ့ပုံ
Facebook နှင့် ကျွန်ုပ်တို့ ကမ်းလှမ်း ထားသော အခြားထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို အသုံးပြုရန် အခကြေးငွေ ပေးရမည့်အစား ဤစည်းမျဉ်းများတွင် အကျုံးဝင်သော Meta ထုတ်ကုန်များကို အသုံးပြုခြင်းအားဖြင့် သင်သည် လုပ်ငန်းများ၊ အဖွဲ့အစည်းများက Meta ကုမ္ပဏီထုတ်ကုန်များအတွင်းနှင့် အပြင်တွင် သင့်စိတ်ကြိုက်ကြော်ငြာများနှင့် အခြား စီးပွားဖြစ်နှင့် အခပေးကြော်ငြာထားသော အကြောင်းအရာများကို သင့်ထံပြသနိုင်ကြောင်း သဘောတူရာ ရောက်ပါသည်။ သင်နှင့် ပိုမိုကိုက်ညီနိုင်ဖွယ်ရှိသော သင့်စိတ်ကြိုက်ကြော်ငြာများနှင့် အခပေးကြော်ငြာထားသော အကြောင်းအရာကို သင့်အား ပြသရန် သင်၏ လှုပ်ရှားဆောင်ရွက်မှုနှင့် စိတ်ဝင်စားမှုများကဲ့သို့ သင့်ကိုယ်ရေး အချက်အလက်များကို ကျွန်ုပ်တို့အသုံးပြုပါသည်။ လူအများ၏ ကိုယ်ရေးလုံခြုံမှုကို ကာကွယ်ခြင်းသည် ကျွန်ုပ်တို့၏ စိတ်ကြိုက် ကြော်ငြာစနစ်ကို ဖန်တီးပုံအတွက် အဓိကကျသည်။ ဆိုလိုသည်မှာ သင်မည်သူဖြစ်သည်ကို ကြော်ငြာသူများအား မပြောပြဘဲ သင်နှင့်ဆက်စပ်မှုရှိပြီး အသုံးဝင်သော ကြော်ငြာများကို ကျွန်ုပ်တို့ ပြသနိုင်ပါသည်။ သင့်ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ကျွန်ုပ်တို့ ရောင်းချခြင်းမပြုပါ။ ကြော်ငြာသူများကိုမူ ၎င်းတို့၏ လုပ်ငန်းရည်မှန်းချက်၊ ၎င်းတို့၏ ကြော်ငြာများကို မြင်စေလိုသည့် ပရိသတ်အမျိုးအစား (ဥပမာ - အသက် ၁၈ နှင့် ၃၅ နှစ်ကြားရှိ စက်ဘီးစီးခြင်းကို နှစ်သက်သူများ) ကဲ့သို့သော အရာများကို ကျွန်ုပ်တို့အား ပြောပြခွင့်ပြုသည်။ ထို့နောက် ၎င်းတို့၏ ကြော်ငြာကို စိတ်ဝင်စားနိုင်လောက်သည်ဟု ကျွန်ုပ်တို့ယူဆသော လူများထံ ပြသပေးပါသည်။ ကြော်ငြာသူများအား Meta ထုတ်ကုန်များပေါ်နှင့် ပြင်ပတွင် ၎င်းတို့၏ အကြောင်းအရာများကို လူအများ မည်သို့ တုံ့ပြန်ကြသည်ကို နားလည်စေရန် ထိုကြော်ငြာများ၏ စွမ်းဆောင်ရည်နှင့် သက်ဆိုင်သော အစီရင်ခံစာများကိုလည်း ကျွန်ုပ်တို့ပေးအပ်ပါသည်။ ဥပမာ- ကြော်ငြာသူများကို ၎င်းတို့၏ ပရိသတ်အကြောင်း ပိုမိုနားလည်စေရန် အသက် ၂၅ နှစ်မှ ၃၄ နှစ်အတွင်း မက်ဒရစ်တွင်နေထိုင်ပြီး ဆော့ဖ်ဝဲအင်ဂျင်နီယာပညာကို နှစ်သက်သော အမျိုးသမီးများသည် ကြော်ငြာတစ်ခုကို ကြည့်ခဲ့သည်ဟူသော အချက်အလက်ကဲ့သို့ အထွေထွေ လူမှုအချက်အလက်များနှင့် စိတ်ဝင်စားမှု အချက်အလက်များကို ကျွန်ုပ်တို့က ပံ့ပိုးပေးပါသည်။ သင်က ကျွန်ုပ်တို့ကို တိကျသည့် ခွင့်ပြုချက်မပေးထားလျှင် သင်မည်သူမည်ဝါဖြစ်ကြောင်း တိုက်ရိုက်ဖော်ထုတ်သည့် အချက်အလက်များ (သင့်ကိုဆက်သွယ်ရန် အသုံးပြုနိုင်သော သို့မဟုတ် သင် မည်သူဖြစ်ကြောင်း ဖော်ထုတ်သော သင့်အမည် သို့မဟုတ် အီးမေးလိပ်စာကဲ့သို့ အချက်အလက်များ) အား ကျွန်ုပ်တို့မမျှဝေပါ။ Meta ကြော်ငြာများ မည်သို့အလုပ်လုပ်သည်ကို ဤနေရာတွင် ပိုမိုလေ့လာပါ။ အထက်တွင်ဖော်ပြထားသော ဝန်ဆောင်မှုများကို သင့်အား ပံ့ပိုးပေးရန် သင်၏ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ကျွန်ုပ်တို့စုစည်းရယူပြီး အသုံးပြုပါသည်။ သင့်အချက်အလက်အား ကျွန်ုပ်တို့ စုဆောင်းပုံနှင့် အသုံးပြုပုံတို့ကို ကိုယ်ရေးလုံခြုံမှုဆိုင်ရာ မူဝါဒ တွင်လေ့လာနိုင်ပါသည်။ သင်မြင်တွေ့ရသည့် ကြော်ငြာနှင့် ကြော်ငြာသူ အမျိုးအစားများအပြင် သင့်အား မည်သည့်ကြော်ငြာများ ပြသမည်ကို ဆုံးဖြတ်ရာတွင် ကျွန်ုပ်တို့အသုံးပြုသော အချက်အလက်အမျိုးအစားများကို သင့်တွင် ထိန်းချုပ်ပိုင်ခွင့်များ ရှိသည်။ ပိုမိုလေ့လာရန်
ထိပ်ဆုံးကို ပြန်သွားမယ်
၃။ Facebook နှင့် ကျွန်ုပ်တို့၏ လူမှုအဖွဲ့အစည်းအတွက် သင်၏ကတိကဝတ်များ
ကျွန်ုပ်တို့၏ အနာဂတ်ပန်းတိုင်အတွက် ရှေ့ဆက်လှမ်းရာတွင် အကူအညီဖြစ်စေရန် ဤဝန်ဆောင်မှုများကို သင်နှင့် အခြားသူများအား ကျွန်ုပ်တို့က ပံ့ပိုးပေးပါသည်။ အပြန်အလှန်အားဖြင့် အောက်ပါကတိကဝတ်များကို သင်ပေးအပ်ရန် ကျွန်ုပ်တို့အတွက် လိုအပ်ပါသည်- ၁။ Facebook ကို မည်သူတွေ အသုံးပြုနိုင်သလဲ လူများက ၎င်းတို့၏ ယူဆချက်များနှင့် လုပ်ဆောင်ချက်များအပေါ် ခိုင်မာစွာရပ်တည်ပါက ကျွန်ုပ်တို့ လူမှုအဖွဲ့အစည်းသည်လည်း ပိုမိုဘေးကင်း၍ ပိုမိုတာဝန်ခံလာနိုင်ပါမည်။ ထို့ကြောင့် သင့်အနေဖြင့် လုပ်ဆောင်ရမည်မှာ-
|
၂။ Meta ထုတ်ကုန်များပေါ်တွင် သင်မျှဝေကာ လုပ်ဆောင်နိုင်သည့် အရာများ လူအများက မိမိကိုယ်ကို ဖော်ပြရန်နှင့် မိမိတို့အတွက် အရေးပါသည့် အကြောင်းအရာများကို မျှဝေရန် Meta ထုတ်ကုန်များကို အသုံးပြုခြင်းမျိုးအား ကျွန်ုပ်တို့အလိုရှိသော်လည်း အခြားသူများ၏ ဘေးကင်းလုံခြုံမှုနှင့် ချမ်းသာသုခကိုဖြစ်စေ၊ ကျွန်ုပ်တို့ အသိုင်းအဝိုင်း၏ ဂုဏ်သိက္ခာများကိုဖြစ်စေ အထိခိုက်ခံ၍ မသုံးစေလိုပါ။ ထို့ကြောင့် သင်သည် အောက်တွင်ဖော်ပြထားသော လုပ်ဆောင်မှုတွင် မပါဝင်ရန် (သို့မဟုတ် အခြားသူများ ထိုကဲ့သို့လုပ်ဆောင်မှုတွင် ကူညီမပေးရန် သို့မဟုတ် ပံ့ပိုးမပေးရန်) သင်သဘောတူပါသည် -
|
၃။ ကျွန်ုပ်တို့ကိုသင်ပေးသည့် ခွင့်ပြုချက်များ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို ပံ့ပိုးရန် သင့်ထံမှ အချို့သော ခွင့်ပြုချက်များကို ကျွန်ုပ်တို့ လိုအပ်ပါသည်-
|
၄။ ကျွန်ုပ်တို့၏ဉာဏဆိုင်ရာမူပိုင်ခွင့်များကိုအသုံးပြုခြင်းနှင့်ပတ်သက်သည့် ကန့်သတ်ချက်များ ကျွန်ုပ်တို့၏ ထုတ်ကုန်များပေါ်တွင် အသုံးပြုနိုင်အောင် လုပ်ပေးထားပြီး ကျွန်ုပ်တို့လက်ဝယ်ရှိ ဉာဏမူပိုင်ခွင့်ဖြင့် ကာကွယ်ထားသော အကြောင်းအရာများ (ဥပမာ- Facebook တွင် သင်ဖန်တီးသည် သို့မဟုတ် မျှဝေသည့် အကြောင်းအရာတွင် သင်ထည့်သွင်းသော ကျွန်ုပ်တို့ပံ့ပိုးထားသည့် ပုံများ၊ ဒီဇိုင်းများ၊ ဗီဒီယိုများ သို့မဟုတ် အသံများ) ကို သင်အသုံးပြုပါက အဆိုပါအကြောင်းအရာအတွက် ရပိုင်ခွင့်အားလုံးကို (သင်ကမဟုတ်ဘဲ) ကျွန်ုပ်တို့က ထိန်းသိမ်းထားပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်များ သို့မဟုတ် ကုန်အမှတ်တံဆိပ်များ (သို့မဟုတ် အလားတူ အမှတ်အသားများ) ကို ကျွန်ုပ်တို့၏ အမှတ်တံဆိပ်အသုံးပြုမှု လမ်းညွှန်ချက်များ သို့မဟုတ် ကျွန်ုပ်တို့၏ စာဖြင့်ရေးသားထားသော ကြိုတင်ခွင့်ပြုချက်ဖြင့် အတိအလင်း ခွင့်ပြုထားသည့်အတိုင်းသာလျှင် သင်အသုံးပြုနိုင်ပါသည်။ သက်ဆိုင်သည့် ဥပဒေအရ ခြွင်းချက် သို့မဟုတ် ကန့်သတ်ချက်များ သက်ရောက်ခြင်းမရှိလျှင် သို့မဟုတ် သင့်လုပ်ဆောင်ချက်မှာ Meta ချို့ယွင်းချက်ရှာ ဆုငွေယူ အစီအစဉ် နှင့် သက်ဆိုင်ခြင်းမရှိလျှင် ကျွန်ုပ်တို့၏ ထုတ်ကုန်များ သို့မဟုတ် ၎င်းတို့၏ အစိတ်အပိုင်းများကို မွမ်းမံရန်၊ ဘာသာပြန်ရန်၊ ဆင့်ပွားလက်ရာများ ဖန်တီးရန်၊ ပေါင်းစည်းထားသောကုဒ်ထဲမှ မူရင်းကုဒ်ကို ရယူရန် သို့မဟုတ် ထုတ်ကုန်၏ လုပ်ဆောင်ပုံများကို လေ့လာ၍ အလားတူထုတ်ကုန်တစ်ခု ကူးချမူပွားရန် သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် ကျွန်ုပ်တို့ထံမှ မူရင်းကုဒ်ကို ထုတ်နုတ်ရယူဖို့ ကြိုးပမ်းရန်အတွက် ကျွန်ုပ်တို့၏ စာဖြင့်ရေးသားထားသော ခွင့်ပြုချက် (သို့မဟုတ် အခမဲ့သုံးစွဲခွင့်လိုင်စင်အရ ခွင့်ပြုချက်) ကို သင်ရယူရမည်။ |
ထိပ်ဆုံးကို ပြန်သွားမယ်
၄။ ထပ်ဆောင်းဖြည့်စွက်ပြဋ္ဌာန်းချက်များ
၁။ ကျွန်ုပ်တို့၏စည်းမျဉ်းများကို အပ်ဒိတ်လုပ်ခြင်း သင်နှင့် ကျွန်ုပ်တို့၏ လူမှုအဖွဲ့အစည်းအတွက် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို မြှင့်တင်ရန်နှင့် ကျွန်ုပ်တို့၏ ထုတ်ကုန်များကို ပိုမိုကောင်းမွန်လာအောင် လုပ်ဆောင်ချက်အသစ်များ ဖန်တီးရန် ကျွန်ုပ်တို့ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။ ရလဒ်အနေဖြင့် ကျွန်ုပ်တို့၏ဝန်ဆောင်မှုများနှင့် ဆောင်ရွက်ချက်များကို တိကျမှန်ကန်စွာ ထင်ဟပ်စေရန်၊ ကျွန်ုပ်တို့၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများတွင် ဘေးကင်း၍ လုံခြုံစိတ်ချရသော သုံးစွဲမှု အတွေ့အကြုံကို မြှင့်တင်ရန် နှင့်/သို့မဟုတ် သက်ဆိုင်ရာဥပဒေကို လိုက်နာရန်အတွက် ကျွန်ုပ်တို့သည် ဤစည်းမျဉ်းများကို အခါအားလျော်စွာ ပြင်ဆင်ရန် လိုအပ်နိုင်ပါသည်။ ဥပဒေအရ တစ်နည်းနည်းဖြင့် သတ်မှတ်ထားသည်မှလွဲ၍ ကျွန်ုပ်တို့က ဤစည်းမျဉ်းများကို ပြောင်းလဲမှုများ မပြုလုပ်မီ သင့်အား အသိပေးကာ ၎င်းပြောင်းလဲမှုများ အကျုံးမဝင်မီ သင်စိစစ်သုံးသပ်နိုင်ရန် အခွင့်အရေးပေးပါမည်။ အပ်ဒိတ်လုပ်ထားသော စည်းမျဉ်းများ အကျုံးဝင်သည်နှင့် တစ်ပြိုင်နက် ကျွန်ုပ်တို့၏ ထုတ်ကုန်များကို သင်ဆက်လက်အသုံးပြုနေပါက ယင်းတို့အား လိုက်နာရန် သင့်တွင် တာဝန် ရှိပါသည်။ ကျွန်ုပ်တို့ပစ္စည်းများကို သင် ဆက်လက် အသုံးပြုမည်ဟု မျှော်လင့်ထားပါသည်၊ သို့သော် ကျွန်ုပ်တို့၏ အပ်ဒိတ်လုပ်ထားသော စည်းမျဉ်းများကို သင် သဘောမတူပါက Facebook အသိုင်းအဝိုင်း၏ အစိတ်အပိုင်းအဖြစ် ပါဝင်လိုစိတ် မရှိတော့ပါက သင်အကောင့်ကို အချိန်မရွေး ဖျက်ရန် နေရာတွင် ဖျက်နိုင်ပါသည်။ |
၂။ အကောင့်ကို ဆိုင်းငံ့ထားခြင်း သို့မဟုတ် ရပ်စဲခြင်း မိမိတို့အကြောင်း ဖော်ပြရန်နှင့် မိမိတို့၏ အတွေးများ၊ အယူအဆများကို မျှဝေရန်အတွက် Facebook သည် ဘေးကင်းလုံခြုံ၍ နွေးထွေးစွာလက်ခံကြိုဆိုသော နေရာတစ်ခုဖြစ်သည်ဟု လူအများ ခံစားမှတ်ယူလာစေရန်မှာ ကျွန်ုပ်တို့၏ ဆန္ဒဖြစ်ပါသည်။ သင်သည် ကျွန်ုပ်တို့၏ စည်းမျဉ်းများ သို့မဟုတ် မူဝါဒများ၊ အထူးသဖြင့် လူမှုစံနှုန်းများ အပါအဝင်ကို အတိအလင်း၊ ပြင်းပြင်းထန်ထန် သို့မဟုတ် ထပ်ခါတလဲလဲ ချိုးဖောက်ထားသည်ဟု ကျွန်ုပ်တို့၏ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ဖြင့် ဆုံးဖြတ်လိုက်ပါက Meta ကုမ္ပဏီ ထုတ်ကုန်များအား ဝင်သုံးခွင့်ကို ယာယီဆိုင်းငံ့ခြင်း သို့မဟုတ် အပြီးတိုင် ပိတ်သိမ်းခြင်း ပြုလုပ်ပြီး သင့်အကောင့်ကို အပြီးတိုင် ပိတ်နိုင် သို့မဟုတ် ဖျက်ပစ်နိုင်ပါသည်။ အခြားသူများ၏ ဉာဏမူပိုင်ခွင့် အခွင့်အရေးများကို ထပ်ခါတလဲလဲ သင်ချိုးဖောက်ပါက သို့မဟုတ် ဥပဒေဆိုင်ရာ အကြောင်းရင်းများအတွက် ယင်းကဲ့သို့ လုပ်ဆောင်ရန် ကျွန်ုပ်တို့လိုအပ်ပါက သင့်အကောင့်ကို ပိတ်ပစ်နိုင် သို့မဟုတ် ဖျက်ပစ်နိုင်ပါသည်။ အကယ်၍ သင့်အကောင့် စာရင်းသွင်း မှတ်ပုံတင်ခြင်းကို အတည်မပြုလျှင်၊ သင့်အကောင့်ကို အသုံးပြုခြင်းမရှိဘဲ တိုးချဲ့ထားသောအချိန် ကာလတစ်ခုအထိ အသုံးမပြုလျှင် သို့မဟုတ် သင့်ခွင့်ပြုချက်မရှိပဲ တစ်စုံတစ်ယောက်သည် သင့်အကောင့်ကို အသုံးပြုခဲ့နိုင်သည်ဟု ကျွန်ုပ်တို့ စုံစမ်းသိရှိပြီး အကောင့်အပေါ် သင့်ပိုင်ဆိုင်မှုကို ကျွန်ုပ်တို့ အတည်မပြုနိုင်ခဲ့လျှင် သင့်အကောင့်ကို ကျွန်ုပ်တို့ ပိတ်ပင်နိုင် သို့မဟုတ် ဖျက်နိုင်ပါသည်။ ကျွန်ုပ်တို့ အကောင့်များကို ဘယ်လို ပိတ်ပင်ပြီး ဖျက်လဲဆိုတာကို ပိုမိုလေ့လာပါ။ ကျွန်ုပ်တို့အတွက် သို့မဟုတ် အခြားသူများအတွက် တရားဝင်တာဝန်ယူမှုများ ဖြစ်လာစေခြင်း၊ ကျွန်ုပ်တို့၏ အသုံးပြုသူ လူမှုအဖွဲ့အစည်းအား ထိခိုက်စေခြင်း၊ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများ၊ ထုတ်ကုန်များ၊ စနစ်များ၏ လုပ်ဆောင်ချက်များ သို့မဟုတ် ဂုဏ်သိက္ခာကို ထိပါးစေခြင်း သို့မဟုတ် အနှောင့်အယှက်ဖြစ်စေခြင်းတို့ ဖြစ်နိုင်ပါက၊ နည်းပညာဆိုင်ရာ ကန့်သတ်ချက်များကြောင့် ကျွန်ုပ်တို့အား ကန့်သတ်ခံရသော အခြေအနေများတွင် သို့မဟုတ် ဥပဒေရေးရာ အကြောင်းအရင်းများကြောင့် ကျွန်ုပ်အား ထိုကဲ့သို့လုပ်ဆောင်ခြင်းမှ တားမြစ်ခြင်းခံရသော အခြေအနေများတွင် သင်မျှဝေထားသော အကြောင်းအရာသည် ကျွန်ုပ်တို့၏လူမှုစံနှုန်းများ (Facebook စည်းမျဥ်းများဟုလည်းသိကြသည်) ကို ချိုးဖောက်သောကြောင့် ကျွန်ုပ်တို့ဘက်မှ လုပ်ဆောင်သည့် အဆိုပါ အရေးယူဆောင်ရွက်မှုကို သင့်အားအသိပေးပြီး အခြားပြန်လည်သုံးသပ်ရန်အတွက် သင်တောင်းဆိုနိုင်မည့် ရွေးချယ်မှုများကို ရှင်းပြပေးမည်ဖြစ်သည်။ သင့်အကောင့် အပိတ်ခံထားရသောအခါတွင် သင်လုပ်ဆောင်နိုင်သည့် အရာများအကြောင်းနှင့် သင့်အကောင့်ကို ကျွန်ုပ်တို့က မှားယွင်းပိတ်ပင်သည်ဟု သင်ယုံကြည်သောအခါတွင် ကျွန်ုပ်တို့ထံ ဆက်သွယ်နိုင်ပုံများ အကြောင်းကို ပိုမိုလေ့လာ နိုင်ပါသည်။ သင့်အကောင့်ကို သင်ဖျက်လိုက်လျှင် သို့မဟုတ် ကျွန်ုပ်တို့က ၎င်းကို ပိတ်လိုက်လျှင် သို့မဟုတ် ဖျက်လိုက်လျှင် ထိုစည်းမျဉ်းများသည် သင်နှင့် ကျွန်ုပ်တို့အကြားရှိ သဘောတူညီချက်တစ်ခုအဖြစ်မှ အဆုံးသတ်မည် ဖြစ်သော်လည်း အောက်ပါပြဋ္ဌာန်းချက်များမှာ ဆက်လက်သက်ရောက်နေပါမည်- ၃၊ ၄.၂−၄.၅။ |
၃။ တာဝန်ကန့်သတ်ချက်များ ကျွန်ုပ်တို့သည် တတ်နိုင်သမျှ အကောင်းဆုံးထုတ်ကုန်များကို ပံ့ပိုးပေးရန်နှင့် ယင်းတို့ကို အသုံးပြုသူတိုင်းအတွက် ရှင်းလင်းသည့် လမ်းညွှန်ချက်များကို သတ်မှတ်ရန် ကြိုးစားလုပ်ဆောင်ပါသည်။ သို့သော် ကျွန်ုပ်တို့၏ ထုတ်ကုန်များကို “အရှိအတိုင်း” ပံ့ပိုးထားပြီး ၎င်းတို့သည် အမြဲတမ်း ဘေးကင်းမည်၊ လုံခြုံမည် သို့မဟုတ် အမှားအယွင်းကင်းမည်၊ သို့မဟုတ် နှောင့်ယှက်မှုများ၊ ကြန့်ကြာမှုများ သို့မဟုတ် အပြစ်အနာအဆာများမရှိဘဲ လည်ပတ်နေလိမ့်မည်ဟု ကျွန်ုပ်တို့အာမမခံပါ။ ဥပဒေအရ ခွင့်ပြုထားသော အတိုင်းအတာထိ ရောင်းချနိုင်မှု၊ သီးခြားရည်ရွယ်ချက်တစ်ခုအတွက် ကိုက်ညီမှု၊ ရပိုင်ခွင့်နှင့် မချိုးဖောက်မှုတို့ကို သွယ်ဝိုက်ညွှန်းဆိုသည့် အာမခံချက်များ အပါအဝင် အတိအလင်းဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပြုလုပ်သော အာမခံအားလုံးကို ကျွန်ုပ်တို့နှင့် မသက်ဆိုင်ကြောင်း ငြင်းဆိုပါသည်။ ကျွန်ုပ်တို့က လူထုနှင့် အခြားလူများ ပြုလုပ်သော သို့မဟုတ် ပြောဆိုသော အရာကို မထိန်းချုပ်ပါ သို့မဟုတ် မညွှန်ကြားပါ၊ ထို့ပြင် ၎င်းတို့၏ လုပ်ရပ်များ သို့မဟုတ် လုပ်ဆောင်မှု (အွန်လိုင်းတွင်ဖြစ်စေ အော့ဖ်လိုင်းတွင်ဖြစ်စေ) သို့မဟုတ် ၎င်းတို့မျှဝေသော အကြောင်းအရာ (စိတ်အနှောင့်အယှက်ဖြစ်စေသော၊ မသင့်တော်သော၊ ဖဖွယ်မရာဖြစ်သော၊ ဥပဒေနှင့်မညီညွတ်သောနှင့် အခြား ကန့်ကွက်စရာဖြစ်သော အကြောင်းအရာတို့ အပါအဝင်) အတွက် ကျွန်ုပ်တို့တွင် တာဝန်မရှိပါ။ ကျွန်ုပ်တို့၏ ထုတ်ကုန်များနှင့်စပ်လျဉ်း၍ မည်သည့်အချိန်တွင် ပြဿနာဖြစ်ပေါ်လာမည်ကို ကျွန်ုပ်တို့မခန့်မှန်းနိုင်ပါ။ ထို့ကြောင့် ကျွန်ုပ်တို့၏တာဝန်ကို သက်ဆိုင်ရာ ဥပဒေအရ ခွင့်ပြုထားသည့် အမြင့်မားဆုံးသော အတိုင်းအတာအထိသာ ကန့်သတ်ထားမည်ဖြစ်ပြီး အဆိုပါ အပျက်အစီးဖြစ်နိုင်ခြေများကို ကျွန်ုပ်တို့အား အကြံပေးသည့်တိုင် ထိုစည်းမျဉ်းများ သို့မဟုတ် Meta ထုတ်ကုန်များမှ ဖြစ်ပေါ်လာသည့် သို့မဟုတ် ၎င်းတို့နှင့်ဆက်စပ်နေသည့် အကျိုးအမြတ်များ၊ ဝင်ငွေ များ၊ သတင်းအချက်အလက်များ သို့မဟုတ် အချက်အလက်များတို့၏ ဆုံးရှုံးမှု သို့မဟုတ် အကျိုးဆက်ဖြစ်သော၊ အထူးဖြစ်သော၊ သွယ်ဝိုက်သော၊ စံနမူနာဖြစ်သော၊ ဒဏ်ခတ်မှုဖြစ်သော သို့မဟုတ် မတော်တဆဖြစ်သော အပျက်အစီးများ အစရှိသည့် ဆုံးရှုံးမှုမှန်သမျှအတွက် (သို့သော် ပေါ့ဆမှုအပါအဝင် မည်သည့်တာဝန်ရှိမှုသီအိုရီအရမဆို ဖြစ်ပွားခဲ့လျှင်) မည်သည့်အခြေအနေအောက်တွင်မဆို သင့်ကို ကျွန်ုပ်တို့တာဝန်ယူမည်မဟုတ်ပါ။ ဤစည်းမျဉ်းများ သို့မဟုတ် Meta ထုတ်ကုန်များမှ ပေါ်ပေါက်လာသော သို့မဟုတ် ၎င်းတို့နှင့်ဆက်စပ်သော ကျွန်ုပ်တို့၏ စုစုပေါင်းပေးရန်တာဝန်မှာ ဒေါ်လာ ၁၀၀ သို့မဟုတ် ပြီးခဲ့သည့်ဆယ့်နှစ်လအတွင်း ကျွန်ုပ်တို့ကို သင်ပေးချေခဲ့သည့်ပမာဏ ထက် မပိုပါ။ |
၄။ အငြင်းပွားမှုများ သင်နှင့် ကျွန်ုပ်တို့အကြား အငြင်းပွားမှုများကို ကန့်သတ်နိုင်ရန် သို့မဟုတ် ရှောင်ကြဉ်နိုင်ရန်အတွက် ရှင်းလင်းသော စည်းမျဉ်းများကို ဖော်ပြပေးနိုင်ရန် ကျွန်ုပ်တို့ ကြိုးစားနေပါသည်။ သို့သော် အငြင်းပွားမှု ဖြစ်ပေါ်လာပါက ယင်းကို မည်သည့်နေရာတွင် ဖြေရှင်းနိုင်ကြောင်းနှင့် မည်သည့်ဥပဒေများ သက်ရောက်မည်ဖြစ်ကြောင်း ကြိုတင်သိရှိထားပါက အသုံးဝင်နိုင်သည်။ Meta ထုတ်ကုန်များကို သင်အသုံးပြုခြင်း သို့မဟုတ် ရယူအသုံးပြုခြင်းနှင့် စပ်လျဉ်း၍ဖြစ်စေ၊ ဤစည်းကမ်းချက်များနှင့်ပတ်သက်ပြီးဖြစ်စေ၊ ၎င်းတို့ကြောင့်ဖြစ်စေ ထွက်ပေါ်လာသော ကျွန်ုပ်တို့ကြားရှိ တောင်းဆိုချက်၊ ၏အရေးယူဆောင်ရွက်ချက် သို့မဟုတ် အငြင်းပွားမှုများကို ကယ်လီဖိုးနီးယား မြောက်ပိုင်းခရိုင်အတွက် အမေရိကန်ပြည်ထောင်စု ခရိုင်တရားရုံး သို့မဟုတ် ဆန်မက်တီယိုစီရင်စုတွင် တည်ရှိသော ပြည်နယ်တရားရုံးတွင် သီးသန့်ဖြေရှင်းရမည်ဖြစ်ကြောင်း သင်နှင့် Meta က သဘောတူပါသည်။ အဆိုပါတောင်းဆိုချက်မှန်သမျှကို စီရင်ဆုံးဖြတ်ရန်ရည်ရွယ်၍ ထိုတရားရုံးတစ်ခုခု၏ ကိုယ်ပိုင်စီရင်ပိုင်ခွင့်နယ်မြေသို့ တင်သွင်းရန် သင်သဘောတူပါသည်။ ၎င်းအပြင် ဥပဒေပြဋ္ဌာန်းချက်များ မည်သို့ပင် ဆန့်ကျင်ကွဲလွဲနေစေကာမူ ဤစည်းကမ်းချက်များ၊ တောင်းဆိုချက်၊ အရေးယူဆောင်ရွက်ချက် သို့မဟုတ် အငြင်းပွားမှုမှန်သမျှအပေါ် ကယ်လီဖိုးနီးယားပြည်နယ်၏ ဥပဒေများက လွှမ်းမိုးသက်ရောက်ကြောင်း သဘောတူပါသည်။ ရှေ့တွင် ဆိုခဲ့ပြီးသည်များကို ထိခိုက်ခြင်းမရှိစေဘဲ Meta သည် ၎င်း၏ ကိုယ်ပိုင်ဆုံးဖြတ်ခွင့် တစ်ခုတည်းဖြင့် သင့်အပေါ် တောင်းဆိုချက်၊ တရားစွဲဆိုမှု သို့မဟုတ် အငြင်းပွားမှုမှန်သမျှကို အဆိုပါတောင်းဆိုမှုအား တရားစီရင်ပိုင်ခွင့်ရှိသည့် သင်နေထိုင်သောနိုင်ငံ၏ အခွင့်အာဏာရှိသော မည်သည့်တရားရုံးတွင်မဆို ဆောင်ရွက်နိုင်ကြောင်း သင်က သဘောတူပါသည်။ |
၅။ အခြား
|
ထိပ်ဆုံးကို ပြန်သွားမယ်
၅။ သင့်အပေါ် သက်ရောက်နိုင်သည့် အခြားစည်းမျဉ်းများနှင့် မူဝါဒများ
- လူမှုစံနှုန်းများ- ဤလမ်းညွှန်ချက်များတွင် Facebook ၌ သင်ပို့စ်တင်သည့် အကြောင်းအရာနှင့် Facebook နှင့် အခြား Meta ထုတ်ကုန်များပေါ်ရှိ သင့်လှုပ်ရှားဆောင်ရွက်မှုနှင့်စပ်လျဉ်းသည့် ကျွန်ုပ်တို့၏စံနှုန်းများကို အနှစ်ချုပ်ဖော်ပြထားပါသည်။
- ကုန်သွယ်ရေးဆိုင်ရာ စည်းမျဉ်းများ- ကျွန်ုပ်တို့၏ ပလက်ဖောင်းပေါ်တွင် အက်ပ်တစ်ခုကို ကြော်ငြာခြင်း၊ စီမံလုပ်ဆောင်ခြင်း၊ ကျွန်ုပ်တို့၏ အတိုင်းအတာ ဝန်ဆောင်မှုများကို အသုံးပြုခြင်း၊ လုပ်ငန်းအတွက် အဖွဲ့တစ်ဖွဲ့ သို့မဟုတ် စာမျက်နှာတစ်ခု စီမံခန့်ခွဲခြင်း သို့မဟုတ် ပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှုများ ရောင်းချခြင်းများ အပါအဝင် ကုန်သွယ်ရေး သို့မဟုတ် လုပ်ငန်းဆိုင်ရာ ရည်ရွယ်ချက်တစ်ခုခုအတွက် ကျွန်ုပ်တို့၏ ထုတ်ကုန်များကိုလည်း သင်ဝင်ရောက်သုံးစွဲပါက သို့မဟုတ် အသုံးပြုပါက ဤစည်းမျဉ်းများ သက်ရောက်ပါသည်။
- အသိုင်းအဝိုင်းအတွင်း ငွေပေးချေမှု စည်းမျဉ်းများ- ဤစည်းမျဉ်းများသည် Meta ထုတ်ကုန်များပေါ်တွင် သို့မဟုတ် ၎င်းတို့မှတစ်ဆင့် ပြုလုပ်သော ငွေပေးချေမှုများနှင့် သက်ဆိုင်ပါသည်။
- စီးပွားရေးမူဝါဒများ- ဤလမ်းညွှန်ချက်များ၌ Facebook၊ Instagram နှင့် WhatsApp တို့တွင် ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများကို ရောင်းချရန် သင်ကမ်းလှမ်းသောအခါ သက်ရောက်သည့် မူဝါဒများကို အနှစ်ချုပ်ဖော်ပြထားသည်။
- တေးဂီတဆိုင်ရာ လမ်းညွှန်ချက်များ- ဤလမ်းညွှန်ချက်များတွင် မည်သည့် Meta ထုတ်ကုန်၌မဆို တေးဂီတပါဝင်သော အကြောင်းအရာကို သင် ပို့စ်တင်ပါက သို့မဟုတ် မျှဝေပါက သက်ရောက်သည့် မူဝါဒများကို အနှစ်ချုပ်ဖော်ပြထားသည်။
- ကြော်ငြာမူဝါဒများ- ဤမူဝါဒများသည် Meta ထုတ်ကုန်အားလုံးတွင် ကြော်ငြာသည့် မိတ်ဖက်များနှင့် သက်ဆိုင်ပြီး Meta ထုတ်ကုန်အသီးသီးတွင် ကြော်ငြာသည့် မိတ်ဖက်များက ခွင့်ပြုထားသော ကြော်ငြာအကြောင်းအရာ အမျိုးအစားများကို သတ်မှတ်ဖော်ပြထားသည်။
- ကိုယ်တိုင်စီမံခန့်ခွဲသော ကြော်ငြာဆိုင်ရာ စည်းမျဉ်းများ- ကြော်ငြာခြင်း သို့မဟုတ် အခြား ကုန်သွယ်ရေး သို့မဟုတ် အခပေးကြော်ငြာသည့် လုပ်ဆောင်ချက် သို့မဟုတ် အကြောင်းအရာကို ဖန်တီးရန်၊ တင်သွင်းရန် သို့မဟုတ် ပေးပို့ရန်အတွက် ကိုယ်တိုင်စီမံခန့်ခွဲသော ကြော်ငြာကြားခံဆက်သွယ်ရေးစနစ်များကို သင်အသုံးပြုသောအခါ ဤစည်းမျဉ်းများက သက်ရောက်သည်။
- Facebook စာမျက်နှာများ၊ အဖွဲ့များနှင့် ပွဲအစီအစဉ်များဆိုင်ရာ မူဝါဒ- ဤလမ်းညွှန်ချက်များသည် Facebook စာမျက်နှာ၊ အဖွဲ့ သို့မဟုတ် ပွဲအစီအစဉ်ကို သင်ဖန်တီးပါက သို့မဟုတ် စီမံပါက သို့မဟုတ် ကြော်ငြာအစီအစဉ်တစ်ခုကို ဆက်သွယ်ရန် သို့မဟုတ် စီမံခန့်ခွဲရန် Facebook ကို သင်အသုံးပြုပါက အကျုံးဝင်ပါသည်။
- Meta ပလက်ဖောင်း မူဝါဒ- ဤစည်းမျဉ်းများသည် အခြားသူများ၏ လုပ်ဆောင်နိုင်စွမ်းကို တိုးတက်စေရန်၊ Meta ထုတ်ကုန်များမှ အချက်အလက်များ ပြန်လည်ရယူရန် သို့မဟုတ် ကျွန်ုပ်တို့ထံသို့ အချက်အလက်များ ပံ့ပိုးရန်အတွက် ထောက်ကူပေးနိုင်သည့် API များ၊ SDK များ၊ ကိရိယာများ၊ ပလတ်အင်များ၊ ကုဒ်၊ နည်းပညာ၊ အကြောင်းအရာနှင့် ဝန်ဆောင်မှုများ စုစည်းထားမှုကို အသုံးပြုခြင်းအပေါ် သက်ရောက်သည်။
- တီထွင်ဖန်တီးသူ ငွေပေးချေမှု စည်းမျဉ်းများ- ဤစည်းမျဉ်းများသည် Facebook ငွေပေးချေမှုများကို အသုံးပြုသည့် အပလီကေးရှင်း တီထွင်ဖန်တီးသူများအပေါ် သက်ရောက်ပါသည်။
- Meta အမှတ်တံဆိပ် အရင်းအမြစ်များ- ဤလမ်းညွှန်ချက်များတွင် Meta ကုန်အမှတ်တံဆိပ်များ၊ လိုဂိုတံဆိပ်များနှင့် မျက်နှာပြင်ဓာတ်ပုံများကို အသုံးပြုမှုအပေါ် သက်ရောက်သည့် မူဝါဒများကို အနှစ်ချုပ်ဖော်ပြထားသည်။
- အကြံပြုပေးမှုဆိုင်ရာ လမ်းညွှန်ချက်များ- Facebook အကြံပြုပေးမှုဆိုင်ရာ လမ်းညွှန်ချက်များနှင့် Instagram အကြံပြုပေးမှုဆိုင်ရာ လမ်းညွှန်ချက်များသည် အကြောင်းအရာ အကြံပြုခြင်းနှင့် အကြံမပြုခြင်းအတွက် ကျွန်ုပ်တို့၏ စံနှုန်းများကို အနှစ်ချုပ်ဖော်ပြထားပါသည်။
- တိုက်ရိုက်ထုတ်လွှင့်မှုဆိုင်ရာ မူဝါဒများ- ဤမူဝါဒများသည် Facebook တိုက်ရိုက်ထုတ်လွှင့်မှုတွင် ထုတ်လွှင့်သည့် အကြောင်းအရာအားလုံးအပေါ် သက်ရောက်ပါသည်။
နောက်ဆုံး ပြန်လည်ပြင်ဆင်သည့် ရက်စွဲ- ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်