စစ်ဘေးသင့်/ စစ်ဘေးဒုက္ခသည်အရေအတွက်ကို တင်ပြခြင်း
မိမိတို့ REC အဖွဲ့၏ ယနေ့ (၇.၇.၂၀၂၀) နေ့ ညနေ (၅) နာရီအချိန်အထိ နောက်ဆုံးကောက်ယူထားချက်အရ ရခိုင်ပြည်ရှိ စစ်ဘေးဒုက္ခသည်အရေအတွက်ကို ဖော်ပြလိုက်ပါသည်။
ဇွန်လ အတွင်း ရခိုင်ပြည်အနှံ့ စစ်ရေးလှုပ်ရှားမှုများ၊ စစ်ဆင်ရေး တိုးမြှင့်ခြင်းများ၊ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ချက်များနှင့် တန်ပြန်တိုက်ခိုက်မှုများ ရှိခဲ့ပါသည်။ အထူးသဖြင့် မြန်မာစစ်တပ်က ရသေ့တောင်မြို့နယ်တွင် တရားဝင်စာထုတ်ပြီး စစ်ဆင်ရေးတိုးမြှင့်ခြင်းများ ရှိခဲ့ပြီး အမ်းမြို့နယ်တွင် တရားဝင်စာမထုတ်သော်လည်း နယ်မြေရှင်းလင်း ရေးလုပ်ဆောင်မှုများရှိခဲ့သည်ကို တွေ့ရပါသည်။ စာထုတ်ပြန်ခြင်းကို ပြန်လည်ရုပ်သိမ်းခဲ့သည်ဆိုသော်လည်း လက်တွေ့တွင် နယ်မြေရှင်းလင်းရေးနှင့် စစ်ဆင်ရေး တိုးမြှင့်ခြင်းများကြောင့် ဒေသခံပြည်သူများ နေရပ်စွန့်ခွာတိမ်းရှောင်မှု လွန်စွာများပြားခဲ့ပါသည်။
ခန့်မှန်းခြေအားဖြင့် ရသေ့တောင်မြို့နယ်တွင်
ကျောက်တန်းကျေးရွာအနီးတဝိုက်ရှိ ကျေးရွာ (၉) ရွာ၊ ကြိမ်သာ အနီးတဝိုက်ရှိ ကျေးရွာ (၃) ရွာ၊ ကူတောင်အနီးတဝိုက်ရှိ ကျေးရွာ (၆) ရွာတို့မှ လူဦးရေ (၂၀၀၀၀) ကျော် တိမ်းရှောင်ထွက်ပြေးနေရဆဲ ဖြစ်ပါသည်။ စစ်တွေမြို့သို့ (၂၅၀၀) ဦးခန့်၊ ရသေ့တောင်မြို့ပေါ်သို့ (၃၀၀၀) ဦးခန့်နှင့် နီးစပ်ရာကျေးရွာများသို့ (၁၂၀၀၀) ဦးခန့်၊ ဘူးသီးတောင်မြို့နယ်သို့ (၁၅၀၀) ဦးခန့်၊ ပုဏ္ဏားကျွန်းမြို့နယ်သို့ (၁၂၀၀) ဦးခန့် ယာယီထွက်ပြေးခိုလှုံနေရကြောင်း သိရပါသည်။ ကျန်ကျေးရွာပေါင်း (၂၂) ရွာရှိ လူဦးရေ (၇၀၀၀) ခန့် (အများအားဖြင့် အမျိုးသမီး၊ ကလေးသူငယ်များ) ကိုလည်း အနီးအနားရှိ ကျေးရွာများသို့ ပို့ဆောင်ထားရကြောင်း သိရပါသည်။ ယင်းအရေအတွက်၏ ၂၀% ခန့်ဖြစ်သော လူဦးရေ (၅၅၀၀) ခန့်သာ စစ်ဘေးရှောင်စခန်းကဲ့သို့နေရာများတွင် ခိုလှုံခွင့်ရကြပါသည်။ ၃၀ % ဖြစ်သော လူဦးရေ (၈၀၀၀) ခန့်မှာ အတည်တကျမရှိဘဲ ကျေးရွာ တစ်ရွာမှ တစ်ရွာ (သို့) တစ်နေရာမှ တစ်နေရာသို့ သွားရောက် တိမ်းရှောင်ထွက်ပြေး နေရသည်ကို တွေ့ရ့ပြီး မည်သည့် ကူညီထောက်ပံ့မှုမှလည်း မရဘဲ ရှိနေသည်ကို တွေ့ရပါသည်။ ကျန် ၅၀ % သော လူဦးရေ (၁၃၅၀၀) ခန့်မှာလည်း မြိုပေါ်ရပ်ကွက်များ၊ အနီးအနားကျေးရွာများတွင် ခိုလှုံနေကြရပြီး ယင်းအရေအတွက်၏ တစ်ဝက်ခန့်သာ ထောက်ပံ့ကူညီမှုအနည်းငယ်ကို ရရှိကြပါသည်။
လွန်ခဲ့သော (၂) လခန့်က စတင်ပြီး အမ်းမြို့နယ်၊
ဒလက်ချောင်းလည်း မြန်မာစစ်တပ်၏ နယ်မြေရှင်းလင်းရေး (နေရပ်က တိမ်းရှောင်ပေးရန် တရားဝင်စာထုတ်ပြန်ချက်မရှိသော်လည်း သတင်းများထွက်ပေါ်လာနေ) လုပ်ဆောင်ချက်များကြောင့် ကျေးရွာပေါင်း (၄၀) ကျော်မှ လူဦးရေ (၅၀၀၀) ခန့် အမ်းမြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်း (၂) ခု၊ ရပ်ကွက် (၆) ခုနှင့် ကျေးရွာ (၃) ရွာသို့ ထွက်ပြေးခိုလှုံလာခဲ့ကြပါသည်။
အလားတူ လုပ်ရပ်မျိုး မြောက်ဦးမြို့နယ်၊ မြောင်းဘွေတိုက်နယ်အတွင်း လွန်းခဲ့သော (၄) ရက်က
တည်းက လုပ်ဆောင်မှုများရှိပြီး ဒုံဘွေ၊ ကျွဲတဲ၊
ငမဲပြင်၊ တန်းဗျင်းကြီး၊ ခမောင်းတက် စသော ကျေးရွာများမှ လူဦးရေ (၂၅၀၀) နီးပါး အနီးအနား ကျေးရွာများသို့ ယာယီတိမ်းရှောင်ထွက်ပြေးနေကြရပါသည်။
ဇွန်လအတွင်း စစ်ဘေးဒုက္ခသည်များအနေဖြင့် စားနပ်ရိက္ခာမလုံလောက်ခြင်း၊ စာသင်ကျောင်းများတွင် ခိုလှုံနေရသည့် စစ်ဘေးဒုက္ခသည်များမှာ လက်ရှိနေရာမှ ဖယ်ရှားခံရတော့မည်ဖြစ်သော်လည်း ခိုလှုံရန်နေရာသစ်အဆင်သင့်မရှိဘဲ နေစရာအရေးပေါ်လိုအပ်နေခြင်း၊ မိုးရွာသွန်းမှုများပြီး ရေကြီးသည့်ဒဏ်ကိုခံနေရခြင်း၊ အချို့စခန်းများသို့ နိုင်ငံတကာ အဖွဲ့အစည်းများ၏ ထောက်ပံ့မှုအတွက် ခရီးသွားလာခွင့် (TA) ကန့်သတ်ထားခြင်း၊ ယခင်နှစ်ကဆောက်လုပ်ခဲ့သည့် ယာယီတဲများ ပြန်လည်ဆောက်လုပ်ရန် လိုအပ်နေပြီ ဖြစ်သော်လည်း အလှူရှင်မရှိခြင်း၊ ရာသီဥတုအပြောင်းအလဲကြောင့် ဖျားနာ၊ ဝမ်းလျော၊ တုတ်ကွေးရောဂါ ဖြစ်ပွားမှုများ ရှိလာနေခြင်း၊ လုံလောက်သော အသိပညာပေးမှုနှင့် လိုအပ်သည့် အထောက်အပံ့များ အပြည့်အဝမရရှိခြင်း၊ ပြည်ပနှင့် အခြားမှ ပြန်လာသူများကြောင့် စစ်ဘေးရှောင်စခန်းများထိ COVID-19ရောဂါကူးစက်လာမည်ကို စိုးရိမ်နေကြရခြင်း၊ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနိုင်သည့် အနေအထားမရှိသည့်အတွက်ကူညီထောက်ပံ့မှု အခွင့်အလမ်းနည်းပါးခြင်း စသည့် အဓိကအခက်အခဲများရှိနေပါသည်။
ယခုလအတွက် အချက်အလက်ကောက်ရာတွင်
စိန်ခေါ်ချက်၊ အခက်အခဲများစွာရှိသော်လည်း ကြိုးစားလုပ်ဆောင်ခဲ့ကြသည့် မြေပြင်အခြေပြုအဖွဲ့ဝင်များ၊ ရုံးဝန်ထမ်းများနှင့် နေရာဒေသအသီးသီးမှ ကူညီပံ့ပိုးပေးသူများကို REC မှ များစွာကျေးဇူးတင်ရှိပါသည်။
မိမိတို့ REC အနေဖြင့် အိမ်ထောင်စု (၁၀) စုနှင့်
အောက် ခိုလှုံနေသောနေရာများကို စစ်ဘေးဒုက္ခ
သည်စခန်းအဖြစ် မဖော်ပြတော့ဘဲ နီးစပ်ရာခိုလှုံနေသူများစာရင်းတွင် ပေါင်းထည့်ပေးထားပါကြောင်းကိုလည်း သိစေအပ်ပါသည်။
ပုံမှန် စစ်တမ်းကောက်ယူခြင်း၏ ရည်ရွယ်ချက်မှာ
- လက်နက်ကိုင်ပဋိပက္ခကြားတွင် အတိဒုက္ခရောက်နေရသည့်ပြည်သူများ၏ အရေ အတွက်နှင့် အခက်အခဲများကို သက်ဆိုင်သူများသိရှိပြီ ပြည်သူလူထုကို မထိခိုက်စေ သော နိုင်ငံရေးနည်းဖြင့်သာ ဆွေးနွေးအဖြေရှာကြစေလိုခြင်း
- ပြည်သူလူထုက တင်မြှောက်သော အစိုးရတစ်ရပ်အနေဖြင့် ပြည်သူကို ကာကွယ်စောင့်ရှောက်သည့် ဒီမိုကရေစီယဉ်ကျေးမှုကို အာမခံစေလိုခြင်း
- ထိခိုက်နစ်နာသူများအတွက် အစိုးရနှင့် ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများက ဝိုင်းဝန်းကူညီထောက်ပံ့ပေးနိုင်ရန်အတွက် အထောက်အပံ့ဖြစ်စေရန်
အတွက်ဖြစ်ပါသည်။
Solar ပြားမှ တဆင့် မီးအိမ်မီလောင်ကျွမ်းပြီး အခက်အခဲကြုံနေရသည့် မိသားစုများကို REC က ထောက်ပံ့ငွေပေးအပ်
ရခိုင်ပြည်နယ်၊ မောင်တောမြို့ နယ်၊ သစ်တုံးနားခွဆုံ ကျေးရွာရှိ မြို တိုင်းသားသား ဦးကံပြည် နှင့် မိသားစုဝင် (၄) ဦး၊ ဦးဝေလောက် နှင့် မိသားစုဝင် (၅) ဦး တို့အိမ်ထောင်စု (၂) စုမှာ ပြီးခဲ့သည့် (၁၆.၁၁.၂၀၂၀)နေ့ ရက်က ဆိုလာပြားကတဆင့် နေအိမ် (၂) လုံး မီးလောင်ကျွမ်းသွားပြီး ပိုင်ဆိုင်ပစ္စည်းအားလုံးလည်း မီးထဲပါသွားသည်ဟု ဆိုပါသည်။
ဖြစ်ပွားနေချိန် မိသားစုမှ လူကြီးများ အိမ်တွင်မရှိဘဲ လုပ်ငန်းခွင်ရောက်နေသောကြောင့် ယခုကဲ့သို့ ဆုံးရှုံးခဲ့ရခြင်း ဖြစ်ကြောင်း ကျေးရွာ ရပ်မိရပ်ဖ တစ်ဦးက REC ကို ရှင်းပြပါသည်။
အဆိုပါ မြို တိုင်းရင်းသား မိသားစု (၂) စုမှာ ၂၀၁၈ ခု (၃) လပိုင်း ARSA တိုက်ခိုက်မှုနဲ့ နယ်စပ်အရေးအခင်းကြောင့် ဘင်္ဂလားဒေရှ့် နိုင်ငံကနေ မြန်မာနိုင်ငံဘက်သို့ ထွက်ပြေးခိုလုံလာခဲ့ကြသူများ ဖြစ်ကြပါသည်။
ယခုချိန်ထိ ၎င်းတို့ မှာ ကူညီထောက်ပံ့မည့်သူ မရှိသေးဘဲ ယာယီတဲထိုးပြီး ဖြစ်သလိုနေရသည့်အတွက်
ရပ်ရွာလူကြီးများက REC သို့ ဆက်သွာပြီး အကူအညီတောင်းခံလာပါသည်။
မိမိတို့အဖွဲ့တွင်လည်း ရှိသမျှအဖွဲ့ ရံပုံငွေကို စစ်ဘေးဒုက္ခသည်ကူညီးရေ ကိစ္စရပ်များတွင် အသုံးပြုနေရသည့်အတွက် ယင်းရံပုံငွေထဲက ရနိုင်သလောက် ခွဲထုတ်ပြီး မိသားစုတစ်စုအတွက် (၂) သိန်းကျပ်နှုန်းဖြင့် စုစုပေါင်း (၄) သိန်းကျပ်ကို စစ်တွေသို့လာရောက်အကူအညီတောင်ခံသည့် ကျေးရွာလူကြီးများကတဆင့် ထောက်ပံ့ပေးလိုက်ပါသည်။
သစ်တုံးနားခွဆုံကျေးရွာသည် မောင်တောမြို့ မြောက်ဘက်စွန်းတွင် တည်ရှိပြီးသွားလာရ ခက်ခဲ့သည့် ကျေးရွာတစ်ခုဖြစ်ပါသည်။ (၂၀၁၈) ခုနှစ် နောက်ပိုင်း တောတောင်များပေါ်တွင် နေထိုင်အသက်ရှင်ကြသည့် ဒေသခံမြို့ တိုင်းရင်းသားများမှာ ယင်းနေရာများတွင် လုံခြုံမှုမရြှိဖစ်လာသည့်အတွက် အစိုးရက ယင်းကျေးရွာတွင် နေရာချထားပေးခြင်းဖြစ်ကာ အိမ်ထောင်စု (၁၀၀) ကျော်၊ လူဦးရေ (၈၀၀) ခန့် နေထိုင်နေကြကြောင်း သိရပါသည်။
စစ်ဘေးဒုက္ခသည်များအတွက် ထောက်ပံ့လှူဒါန်းမှုများလက်ခံရရြှိခင်း
လက်ရှိ ရခိုင်ပြည်တွင် Coronavirus COVID-19 ကူးစက်ပြန့်ပွားမှု အခြေအနေတွင်
အခက်အခဲ၊ အကျပ်အတည်းများဖြင့် ရင်ဆိုင်ကြုံ
တွေ့နေရသည့် ရခိုင်ကစစ်ဘေးဒုက္ခသည်များ
အတွက် မုဒုံမြို့ နယ်၊ မွန်ပြည်နယ်နေ မိအားချိုင်က
အလှူငွေ (၅၀,၀၀၀) ကျပ်ကို REC သို့ လှူဒါန်းခဲ့ပါသည်။
REC အဖွဲ့အနေဖြင့် စစ်ဘေးဒုက္ခသည်များ၏ အခြေအနေကိုအနီးကပ်စောင့်ကြည့်လျှက်ရှိပြီး
စစ်ဘေးဒုက္ခသည်ဆိုင်ရာ အချက်အလက်များ
ကောက်ခံခြင်းနှင့် ထောက်ပံ့ကူညီမှုပေးခြင်းတို့ကို တစိုက်မတ်မတ် လုပ်ဆောင်ပေးနေပါသည်။
စစ်ဘေးဒုက္ခသည်များအတွက် ထောက်ပံ့လှူဒါန်းမှုများလက်ခံရရြှိခင်း
လက်ရှိ ရခိုင်ပြည်တွင် Coronavirus COVID-19 ကူးစက်ပြန့်ပွားမှု အခြေအနေတွင်
အခက်အခဲ၊ အကျပ်အတည်းများဖြင့် ရင်ဆိုင်ကြုံ
တွေ့နေရသည့် ရခိုင်ကစစ်ဘေးဒုက္ခသည်များ
အတွက် ရန်ကုန်မြို့ နေ၊ မပန်စုဝေက အလှူငွေ (၁၀၀,၀၀၀) ကျပ်ကို REC သို့ လှူဒါန်းခဲ့ပါသည်။
REC အဖွဲ့အနေဖြင့် စစ်ဘေးဒုက္ခသည်များ၏ အခြေအနေကိုအနီးကပ်စောင့်ကြည့်လျှက်ရှိပြီး
စစ်ဘေးဒုက္ခသည်ဆိုင်ရာ အချက်အလက်များ
ကောက်ခံခြင်းနှင့် ထောက်ပံ့ကူညီမှုပေးခြင်းတို့ကို တစိုက်မတ်မတ် လုပ်ဆောင်ပေးနေပါသည်။









