ယနေ့ မနက်ပိုင်းအထိ စစ်ဘေးသင့်/ရှောင် ဒုက္ခသည် အရေအတွက်အနီးစပ်ဆုံး ကောက်ယူထားရှိသည့် စာရင်း
တောင်းဆိုကြသည့် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ အတွက် REC မှ ယနေ့ မနက်ပိုင်းအထိ ကောက်ယူ စုဆောင်းထားသော အချက်အလက်များကို တင်ပြပေးလိုက်ပါသည်။ အချိန်နှင့်အမျှ ကိန်းဂဏန်း အချက်အလက်များ အပြောင်းအလဲရှိနေသည်ကို သတိပြုကြစေလိုပါသည်။
REC အနေဖြင့် ယခုဖော်ပြချက်တွင် နယ်မြေ၊ စခန်း အသီးသီးရှိ စစ်ဘေးဒုက္ခသည် အရေအတွက်ကိုသာ ဖော်ပြပေးလိုက်ရခြင်း ဖြစ်ပါသည်။
အခြား အချက်အလက်များလည်း စစ်တမ်းကောက်ယူ စုဆောင်းထားရှိပါသည်။ ယင်းကိစ္စရပ်များအတွက် အကျုံးဝင်သော ဆောင်ရွက်ချက်များကို တစိုက်မတ်မတ် ပူးပေါင်းဆောင်ရွက်လိုသည့် အဖွဲ့အစည်းများကို ဝေမျှပေးရန် ဆုံးဖြတ်ချက်ထားရှိပြီး ဖြစ်ပါသည်။
ဤအချက်အလက်များကောက်ခံရာတွင် စိန်ခေါ်မှု၊ အကျဉ်းအကျပ်အမျိုးမျိုးကြားမှ ပင်းပန်းခံပါဝင်ဆောင်ရွက်ပေးခဲ့ပါသော REC စစ်ဘေးဒုက္ခသည်များ ကူညီထောက်ပံ့ရေး ကော်မတီဝင်များ၊ ပူးပေါင်းဆောင်ရွက်ပေးကြပါသော မျိုးနွယ်စု ခေါင်းဆောင်များ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရဟန်းသံဃာများ၊ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများ၊ လွတ်တော်အမတ်များ၊ ထောက်ပံ့လှူဒါန်းမှုပေးခဲ့ကြသူများ၊ စစ်ရှောင်စခန်းအသီးသီးမှ တာဝန်ရှိသူများကို မှတ်တမ်းတင် အသိအမှတ်ပြုပါကြောင်း တင်ပြအပ်ပါသည်။
ရေမျက်မာလေ့ရ
လူဦးရေ ၁၂၀ခန့်လောက
ကယ်ဆယ်ရေကို ရျွာစတနာပေါက်
အိမ်တိမာကျွေး
Field ထဲမှာ အနီးကပ်အလုပ်လုပ်ဖို့ တာဝန်ပေးထားသော မိမိတို့ REC ဝန်ထမ်းများ၏ သတင်းပေးချက်အရ
ယနေ့  အဝတ်အစား၊ အိုးခွက်ပန်းကန်များ၊ တာလပတ်စများ လာရောက်လှူဒါန်းထောက်ပံ့မှု အများအပြားရှိနေပြီ ဖြစ်သောကြောင့် လုံလောက်မှုရှိနေပြီ ဖြစ်ပါသည်။
ယခုယာယီခိုလှုံနေသည့် ဘုန်းကြီးကျောင်းမှ မူလနေရပ်ပြန်ရမည်လား?၊ ယခင်နေရာတွင် နေရာချထားမည်လား? စသည့် နေရာချထားရေး မသေမချာဖြစ်နေပါသည်။
နေရာချထားမှု အခြေအနေပေါ် မူတည်ပြီး လိုအပ်ချက်က အပြောင်းအလဲရှိလာနိုင်ပါသည်။
ပြည်နယ်စီမံအုပ်ချုပ်မှုကောင်စီဝင် ဦးသန်းထွန်းကို ပြန်လည်နေရာချထားရေး ဥက္ကဌ တာဝန်ပေးထားကြောင်းသိရပြီး နေရပ်ပြန်မည့်သူစာရင်းကောက်ယူမှုနှင့် ကူညီထောက်ပံ့မှုကို လုပ်ဆောင်မည်ဟု သိရပါသည်။
စစ်ဘေးရှောင်များ၏ သဘောဆန္ဒမပါဘဲ၊ လိုအပ်သည့် ပြင်ဆင်ဆောင်ရွက်မှုများ အဆင်သင့်မဖြစ်သေးဘဲ မူလနေရပ်ကျေးရွာများသို့ ပြန်ရန် ဖိအားပေးမှုများရှိလာပါက ဝိုင်းရံကူညီပေးကြဖို့ လိုအပ်ပါမည်။
ရခိုင်က စစ်ဘေးရှောင်များ မူလနေရပ်ကို ပြန်ဖို့ အသင့်ဖြစ်ပြီလား
လိုရင်းတိုရှင်း ပြောရရင် မဖြစ်သေးပါ။ အဓိက အချက်ကတော့ သူတို့ရဲ့  စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုနဲ့ စိတ်သဘောထားပါ။
နှစ်ဖက်ပြင်းထန်တိုက်ပွဲများ၊ တိုက်ပွဲများကြောင့်
အရပ်သားထိခိုက်သေဆုံးခဲ့ရမှုများ၊ အရပ်သားများ သံသယဖြင့် ဖမ်းဆီးနှိပ်စက်ခံခဲ့ရသည့် ဖြစ်ရပ်များ၊ သွားလာကန့်သတ်ပိတ်ဆို့ပြီး စားနပ်ရိက္ခာပြတ်လပ်စေမှုများ၊ ရပ်ရွာများ မီးလောင်ပျက်စီးမှုများ၊ လုပ်ငန်းများ လုပ်ကိုင်မရ ပျက်စီးခဲ့မှုများ စသည်တို့သည့် ဒေသခံပြည်သူများ၏ ရုပ်ပိုင်းဆိုင်ရာအရ ဆိုးရွားစွာခံစားရသည့်အပြင် စိတ်ပိုင်းဆိုင်ရာအရ ဆောက်တည်မရ၊ အကြောက်ကြီးကြောက်ရွံ့ ခဲ့ရပါသည်။
စိတ်ဒဏ်ရာသည် အမြစ်တွယ် နက်ရှိုင်းကြောင်း ခံစားခဲ့ဖူးသူများသာ ကိုယ်ချင်းစာခံစားပေးနိုင်ကြပါသည်။ ခံစားခဲ့ရသည့် ဖြစ်ရပ်များအတွက် အစစ အရာရာ ပြေလည်သွားသည့်တိုင် မတော်တဆ အလားတူဖြစ်ရပ်မျိုး အနည်းငယ်မျှ ဖြစ်ပေါ်သည်နှင့် အကြောက်တရားခံစားချက်က ပြန်ပေါ်တတ်ပါသည်။
တိုက်ပွဲများ ပြန်လည်ဖြစ်ပေါ်ရန် မရှိဟု လက်နက်ကိုင်တပ်ဖွဲ့ များအကြား ခိုင်မာစိတ်ချရသည့် သဘောတူညီချက်များ ရှိနေပြီလား?
ရင်ဆိုင်ထိတွေ့ ခဲ့သည့် ကျေးရွာနှင့် အနီအနား နေရာများတွင် နှစ်ဖက်တပ်များအသီးသီး ဆုတ်ခွာသွားကြပြီလာ?
စစ်ဘေးသင့် ပြည်သူများ နေထိုင်၊ လုပ်ကိုင်စားသောက်ရာ နေရာများတွင် မိုင်းနှင့် စစ်ကျန်လက်နက်ပစ္စည်းများကို အပြီးသတ်ရှင်းလင်းပေးပြီး တစ်စုံတစ်ရာ အာမခံနိုင်သည့် အနေအထားရှိနေပြီလား?
စစ်ဘေးရှောင်များ၏ မူလနေရပ်သည် ယခင်ကအတိုင်း မဟုတ်တောင် ကောင်းမွန်စွာ နေထိုင်နိုင်အောင် ပြန်လည်တည်ဆောက် ပေးထားနိုင်ပြီလား?
သို့မဟုတ် ပြန်လည်တည်ဆောက်ရန် ခွင့်ပြုပြီး၊ အစီအစဉ်ရေးဆွဲပြီး၊ ရံပုံငွေ သတ်မှတ်ပြီး၊ ကူညီထောက်ပံ့ရေးအဖွဲ့အစည်းများနှင့် တိုင်ပင်ညှိနိုင်းပြီး (၎င်းတို့ ပါဝင်ရန် လိုအပ်သည်ဟု ယူဆပါက)ရှိနေပြီလား?
စစ်မြေပြင်ဖြစ်ခဲ့ရသည့် အမှတ်လက္ခဏာများ ဖြေရှားရှင်းလင်းပြီး အနေအထားရှိနေပြီလား? (ဥပမာ - အနီးအနားရှိ ယာယီစစ်စခန်းများကို ရှင်းလင်းပြီးဖြစ်ခြင်း၊ လက်နက်ကိုင်တပ်ဖွဲ့ များ ထွက်ခွာဖယ်ရှားပေးခြင်း)
နေရပ်ပြန်များအတွက် အလုပ်အကိုင်များဖန်းပေးခြင်း၊ လုပ်ငန်းများ ပြန်လည်လုပ်ဆောင်ရန် ထောက်ပံ့မှုများပေးခြင်း စသည် အစီအစဉ်များ အဆင်သင့် ဖြစ်နေပြီလား?
စသဖြင့် မေးခွန်းတွေ၊ ဖော်ဆောင်ရမည့် လုပ်ငန်းတွေ အများကြီးရှိနေအုံးမှာပါ။
အဓိကကျသည့် စဉ်းစားရမည့် အချက် (၁) ခုမှာ စစ်ဘေးရှောင်များ နေရပ်ပြန်မည့်အရေးတွင် ၎င်းတို့ ၏ စိတ်သဘောထား၊ စိတ်ဆန္ဒဖြစ်ပါသည်။ နေရပ်ပြန်ရေး/ မပြန်ရေးအတွက် မည်သည့်ဖိအား၊ တွန်းအားမျှ မပေးသင့်ပါ။
နှစ်ဖက်လက်နက်ကိုင် တိုက်ပွဲများကြောင့် ဖြစ်လာရသည့် နေရပ်စွန့်ခွာမှု ဖြစ်သည့်အတွက် နှစ်ဖက်တပ်များ၏ သဘောထား၊ သဘောတူညီချက်နှင့် ပံ့ပိုးကူညီပေးမှုများ၊ တာဝန်ယူမှု၊ တာဝန်ခံမှု လိုအပ်ပါမည်။ တစ်ဖက်ဖက်၏ သဘောထားနှင့် မရကြောင်းပါ။
Western News- WN
မီးလောင်ကျွမ်းသွားသည့် တိမ်ညိုစစ်ဘေးရှောင်စခန်းကို ပြန်လည်ဆောက်ပေးမည်မဟုတ်ဟု စစ်ကောင်စီပြော
Western News - မတ်လ ၁၉ ရက်
ရခိုင်ပြည်နယ် ၊ မြောက်ဦးမြို့နယ်မှ လူနေဆောင် ၇၀၀ မီးလောင်ကျွမ်းသွားသည့် တိမ်ညိုစစ်ဘေးရှောင်စခန်းကို ပြန်လည်တည် ဆောက်ပေးမည်မဟုတ်ဟု ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ အတွင်းရေးမှူးဦးသန်းထွန်းကပြောသည်။
မီးလောင်ကျွမ်းသွားသည့် စစ်ဘေးရှောင်စခန်းသို့ ယမန်နေ့ မတ်လ ၁၈ ရက်နေ့က ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ ဥက္ကဌဒေါက်တာအောင်ကျော်မင်း ၊ အတွင်းရေးမှူး ဦးသန်းထွန်း၊ ဥပဒေချုပ် ဦးလှသိန်း၊ အဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းသန့်နှင့် တိုင်မှူးကြီးတို့က စစ်ဘေးရှောင်များနှင့် တွေ့ဆုံစဉ်ပြောဆိုခဲ့ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ အတွင်းရေးမှူးဦးသန်းထွန်းက " အခုထောက်ပံ့ငွေတွေက မီးဘေးသင့်ခဲ့တဲ့ အတွက်ထောက်ပံ့ပေးတာဖြစ်တယ်။ အခုလိုစစ်ဘေးရှောင်စခန်းကိုပြန်လည်တည်ဆောက်မယ်ဆိုတာမဖြစ်နိုင်တော့ပါ။ အစိုးရလည်းဆောက်ပေးမည် မဟုတ်ပါဘူး။ အလှူရှင်တွေလည်းလှူဒါန်းမည်မဟုတ်ပါ။ ကျွန်တော်ကိုယ်တိုင်သိပါတယ်။ အခုအချိန်မှာနိုင်ငံရေးအကြပ်အတည်းမရှိပါ။ ကိုဗစ်လည်းမရှိပါ။ ဒါကြောင့် အကောင်းဆုံးနည်းလမ်းကတော့ လောလောဆယ် စစ်ဘေးသင့်အဖြစ်နဲ့ လေးရက်ငါးရက်လောက်နေကြပါ။ ပြီးတော့ရွာကိုပြန်သွားစေချင်တယ်"ဟု ပြောသည်။
အလားတူ စစ်ဘေးရှောင်များအနေဖြင့်မိမိတို့နေရပ်သို့ပြန်သွားမည်ဆိုပါက စစ်ကောင်စီအနေဖြင့်အစစအရာရာ ကူညီဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ အတွင်းရေးမှူးဦးသန်းထွန်းကပြောသည်။
လူဦးရေ ၃၀၀၀ ကျော်နေထိုင်သည့် တိမ်ညိုစစ်ဘေးရှောင်စခန်းမှာ မတ်လ ၁၇ ရက်နေ့က စခန်းတစ်ခုလုံးမီးလောင်ကျွမ်းသွားခဲ့ရာ လူနေဆောင် ၇၀၀ မီးလောင်ရှုံးဆုံးခဲ့ပြီး လူဦးရေ ၂၇၁၆ ဦးတို့မှာ နေထိုင်မည့်နေရာ၊ အဝတ်အထည်များမရှိဘဲဖြစ်နေကြသည်။
လက်ရှိတွင် မီးဘေးသင့်လူဦးရေ ၂၇၁၆ ဦးတို့မှာ နေထိုင်မည့်နေရာအပြင် စားနပ်ရိက္ခာများနှင့် အဝတ်အထည်များ၊ ချက်ပြုတ်စားသောက်မည့် အိုး၊ခွက်၊ ပန်းကန်များအရေးပေါ်လိုအပ်လျက်ရှိနေကြသည်။
အဆိုပါစစ်ဘေးရှောင်စခန်းတွင် မြောက်ဦးမြို့နယ်ရှိ ကျေးရွာပေါင်း ၁၃ ရွာမှာလာရောက်ခိုလှုံနေကြရခြင်းဖြစ်ပြီး အိမ်ထောင်စု ၈၅၄ စုနှင့် လူဦးရေ ၃၃၅၅ ဦးရှိကြောင်းသိရသည်။ အဆိုပါ တိမ်ညိုစစ်ဘေးရှောင်စခန်း ပြီးခဲ့သော ၂၀၁၉ ခုနှစ်အတွင်းက ပြည်တွင်းပြည်ပ အလှူရှင်များ၏ လှူဒါန်းငွေများနှင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
Western News- WN
ယနေ့ နံနက် (၉) ကျော် REC ရုံးအဖွဲ့ သားများ တိမ်ညို စစ်ဘေးရှောင်စခန်းသို့ရောက်။ AHCT ၏ ရံပုံငွေထဲက ငွေ (၁,၀၀၀,၀၀၀) ကျပ်၊ တာပေါ်လင် (၄၈၀)၊ ဖျာ၊ ခြင်ထာင်၊ စောင်၊ ခေါင်းအုံး အစုံ (၁၀၀) ခန့်၊ (အမျိုးသမီးဝတ် အများစုပါသော) အဝတ်အစား အစုံ (၃၀၀)၊ ရေပုံး (၁၇၀) နှင့် အခြား အသုံးအဆောင်ပစ္စည်းများကို ပဏာမ ထောက်ပံ့ခဲ့။
ချက်ချင်း လတ်တလော လိုအပ်ချက်၊ အခက်အခဲနှင့် ပြန်လည်နေရာချထားနိုင်မည့် အခြေအနေ၊ ပြည်နယ် စီမံအုပ်ချုပ်မှု ကောင်စီရောက်ရှိလာပြီး စခန်းကော်မတီဝင်းများ တွေ့ ဆုံပြီး ပြောဆိုခဲ့မှုများ အပေါ် သုံးသပ်၊ ရေတိုရေရှည်လုပ်ဆောင်ရမည့် အစီအစဉ်များအတွက် စခန်းကော်မတီဝင်များနှင့် REC၊ AHCT၊ Sky Institute တို့ ဆွေးနွေးခဲ့ကြပါသည်။
တိမ်ညို ရွာသစ် ဘုန်ကြီးကျောင်းတွင် ယာယီနေရာချထားပါသည်။ လူများပြီး နေရာအခက်အခဲရှိပါသည်။ အဆောင်တွင် နေခင်းအချိန် အလွန်ပူသည်။ ဘုန်းကြီးကျောင်းဝင်းအတွင်း ယာယီ အဆောင်ဆောင်ရန် ဝါး အရေးတကြီးလိုနေပါသည်။ လောလောဆယ် ဆန် အလုံအလောက်ရှိသော်လည်း တခြားသားငါး၊ ဟင်းသီးဟင်းရွက်၊ ဆီဆားကြက်သွန်၊ ငရုတ် စသည်တို့ အတွက် ထမင်းတစ်နပ်စာ အတွက် (၇) သိန်းကျပ်ခန့် ကုန်ကျနေဟု စခန်းကော်မတီက ပြောသည်။ မကြာခင် သောက်ရေ၊ သုံးရေ အခက်အခဲ ရှိလာမည်။ လူဦးရေများသည့်အတွက် ယာယီအိမ်သာ အရေးပေါ် ဆောက်ပေးရန်လိုနေသည်။ လူဦးရေ အလွန်များသောကြောင့် စုပေါင်း ချက်ပြုတ်ကျွေးမွေးရာတွင် အဆင်မပြေ၊ အိမ်ထောင်စုအလိုက် ရိက္ခာခွဲဝေပေးပြီး ချက်ပြုတ်စားသောက်နိုင်ရန် အိုးခွက်ပန်းကန်များ အရေးတကြီးလိုပါသည်။ လက်ရှိ လှူဒါန်းထောက်ပံ့မှုများအရ (၇/၈) ရက်ခန့်သာ ဖြစ်သလို စားသောက်နေထိုင်နိုင်ကြမည် ဖြစ်သည်။
နိုင်ငံတကာ အဖွဲ့ များတွင် ICRC နှင့် AZG နှစ်ဖွဲ့ သာ ရောက်ရှိနေပါသေးသည်ကို တွေ့ ရပါသည်။ ICRC က ဆန်အိတ် (၈၀၀)၊ အစားထိုးလောင်စာတောင့်အိတ်များ နှင့် Hygiene Kit များ လာချပေးသည်။
မိမိတို့ AHCT, REC, Sky Institute အပါအဝင် စစ်တွေက CSO များ၊ အခြားမြို့ နယ်အချို့ က ဒေသခံ အဖွဲ့ အစည်းများ၊ ရပ်ရွာ အခြေပြု အဖွဲ့များ
တစ်သီးပုဂ္ဂလ အလှူရှင်များ၊ မြောက်ဦး
ANP ရုံး ကပါတီဝင် တချို့ ရောက်ရှိပြီး အလှူငွေများနှင့် အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့သည်ကို တွေ့ ရသည်။ (မိမိတို့ မသိနိုင်ခဲ့သည့် အဖွဲ့ များ ရှိနိုင်ပါသည်)
နေ့ လည် (၂) နာရီခန့်တွင် ပြည်နယ် စီမံအုပ်ချုပ်မှု ကောင်စီလုံခြုံရေးအပြည့်အဝဖြင့် ရောက်ရှိလာသည်။ ကော်ပီမစ်၊ ခေါက်ဆွဲခြောက်၊ ကြက်ဥ၊ ဆီ စသည့် စားသောက်ပစ္စည်းများ ထောက်ပံ့ခဲ့သည်ဟု စခန်းကော်မတီဝင်များက ပြောသည်။
တိုက်ပွဲများမရှိတော့ပြီ ဖြစ်၍ နေရပ်ပြန်ရန် အဓိကထား တိုက်တွန်းပြောဆိုသည်။ နေရပ်ပြန်နိုင်ရန်အတွက်ပျက်စီးနေအိမ်များ ပြန်ဆောက်ပေးမည်၊ မိုင်းရှင်းလင်းပေးမည်၊ တစ်လစာ ထောက်ပံ့မှုများပေးမည်၊ စစ်သားများ ရပ်သူရွာသားများကို အနိုင်ကျင့်ပါက တိုင်ကြားပါ ထိရောက်စွာ အရေးယူပေးမည်
တို့ ပြောသည်ဟု စခန်းကော်မတီဝင်များက ပြောသည်။
စစ်ဘေးရှောင်များက နေရပ်ပြန်နိုင်ရန်အတွက် ကျေးရွာအတွင်းနှင့် အနီးအနားက စစ်တပ်စခန်းများ ထွက်ခွာပေးဖို့ တောင်းဆိုကြသည်။ စစ်သားများကို ကြောက်စိတ်ဝင်နေသောကြောင့်ဟု ဆိုသည်။ လောလောဆယ် အခြေအနေအရ မဖြစ်နိုင်သေးကြောင့် (ပစက) က ပြန်ဖြေကြားသည်။
ဘုန်းကြီးကျောင်းတွင် ယာယီဖြစ်သလိုခိုလှုံနေရမည်ဖြစ်ပြီး ယခင်စစ်ရှောင်စခန်းနေရာတွင် ပြန်အခြေချရမည်လား၊ မူလကျေးရွာများကို ပြန်ရမည်လား၊ မည်သည့်နေရာတွင် အခြေချရမည်မှာ မသေချာသေးပါ။
သို့ဖြစ်၍ လတ်တလော နေထိုင်စားသောက်ရေးကိုသာ စဉ်စားနေရသည်။ အသုံးအဆောင်ပစ္စည်းများ လတ်တလောလိုအပ်ချက်ထက် ပိုမိုထောက်ပံ့ပေးကြမည်ဆိုသော်လည်း နေရာထိုင်ခင်း အတည်မကျသေး၍ ထားစရာနေရာမရှိသေးပါ။
ဝမ်းမြောက်ဝမ်းသ
စစ်ဖီးရှောင်တိဂ
နိန်ရပ်မပြန်ဇီခ
အခြီအနိန်ဂ ဘောလုံးကွင်းထဲဂ
ပရိတ်သတ်တိ ဖြိုက်နိန်လို့ပ
Pinned post အနေ နဲ့ ဖြစ်ဖြစ်
တင်ထားပေးစေချင်
Donations လာလုပ်ချင်လို့ ပါ