မုံရွာက ရွှေဘတောင်ကို မြန်မာနိုင်ငံက Petra လို့ပဲ တင်စား ပလိုက်ချင်တယ်
ကမ္ဘ့ာ့အံ့ဖွယ်တစ်ပါးဖြစ်တဲ့ ဂျော်ဒန်နိုင်ငံက ပီထရာမြို့ဟောင်းလိုပဲ ရွှေဘတောင်က ကျောက်တောင်နံရံတွေမှာ အဆောက်အအုံတွေကို ထွင်းထုထားတာ အရမ်းလက်ရာမြောက်တာပဲ။
ရွှေဘတောင်က ဖိုလ်ဝင်တောင်နားမှာရှိလို့ ဖိုလ်ဝင်တောင်နဲ့ တစ်ဆက်တည်းသွားလို့ရပါတယ်။
ရိုးရိုးမြေနီလမ်းကြားလေးကနေ ကျောက်နံရံကြီးတွေကြားထဲဗြုန်းခနဲရောက်သွားတော့ အံ့အားသင့်စရာပေါ့။
ကျောက်တောင်ကြီးတွေကို ထက်ခြမ်းပိုင်းထားသလိုဖြစ်နေတဲ့ ကြားထဲက ကျောက်လှေကားထစ်တွေအတိုင်း ဆင်းသွားတဲ့အခါ လှပတဲ့ အဆောက်အအုံ၂ခုကို တစ်ဖက်တစ်ချက်မှာတွေ့လိုက်ရတယ်။
ဆန်းတာက အဲ့အဆောက်အအုံတွေက ကျောက်တောင်ကြီးကို ထွင်းထုထားတာတဲ့။
ပိုဆန်းတာက အဲ့လို လက်ရာမြောက် ကျောက်နံရံထွင်း အဆောက်အအုံကြီးတွေ အထဲမှာ အများကြီးပဲ ထပ်ရှိသေးတယ်။
ဘုရားတည်ထားတဲ့ အဆောင်တွေ၊ ရဟန်းတွေ သီတင်းသုံးတဲ့ အဆောင်တွေ၊ လူတည်းဇရပ်တွေ၊ မီးဖိုခန်းတွေနဲ့ ကျောင်းဝင်းကျယ်ကြီးတစ်ခုစာလောက်ကျယ်ပါတယ်
ဆင်းတုတွေ၊ ရုပ်တုတွေ၊ ဆင်ဝင်တွေ၊ ကနုတ်ပန်းတွေနဲ့  မြင်မြင်သမျှအရာရာတိုင်းက ကျောက်တောင်ကြီးကို ထွင်းထုထားတာပါတဲ့။
အနော်ရထာမင်းကြီးနဲ့ ခေတ်ပြိုင် ဗန္ဓဝမင်းကြီးလက်ထက်က ပန်းချီဝန် ဦးရွှေဘ ဦးစီးကာစိတ်ကူးပုံဖော်ထားလို့ ရွှေဘတောင်လို့ခေါ်တာပါတဲ့။
ဒီလောက် ဆန်းကြယ်လှပပြီး လက်ရာမြောက်တဲ့ သမိုင်းဝင်ရှေးဟောင်းနေရာက ဘာကြောင့် လူသိသိပ်မများရတာပါလိမ့်??
နိုင်ငံခြားမှာဆို ပြစားလို့ ကောင်းလိုက်မယ်ဖြစ်ခြင်း



