Lion Air လေကြောင်းလိုင်းအား စီးနင်းခြင်းမပြုရန် သြစတြေးလျ သတိပေး
▀▀▀▀▀▀▀▀▀▀▀▀▀▀▀
ပျက်ကျလေယာဉ်တွင် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ၀န်ထမ်း၂၀ ဦး၊ တရားသူကြီး ၃ ဦးနှင့် လွှတ်တော်ကိုယ်စားလှယ် ၇ ဦးပါဝင်သွား
▀▀▀▀▀▀▀▀▀▀▀▀▀▀▀
လေယာဉ်မောင်းပျံသန်းချိန် နာရီ ၆၀၀၀ ရှိသည့် အသက် ၃၁ နှစ်ရှိ ဒေလီမြို့ အခြေစိုက် အိန္ဒိယလေယာဉ်မှူး မောင်းနှင်ခဲ့
=====================
#TheLadiesNews
အောက်တိုဘာ ၂၉ ရက်နေ့ နံနက်ပိုင်းက ပင်လယ်အတွင်းသို့ ပျက်ကျသွားခဲ့သည့် အင်ဒိုနီးရှားလေကြောင်းလိုင်းမှ Boing 737၊ Flight JT 610 ၏ ဖြစ်စဉ်ကြောင့် တိကျသေချာသည့်ရှင်းလင်းထုတ်ပြန်ချက် မထွက်လာမီအချိန်အထိ Lion Air လေကြောင်းလိုင်းတွင် စီးနင်းခြင်းမပြုရန် သြစတြေးလျအစိုးရပိုင်းဆိုင်ရာ ၀န်ထမ်းများနှင့်စီးပွားရေးလုပ်ငန်းရှင်ကုန်သည်များကို သြစတြေးလျ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနမှ သတိပေးတိုက်တွန်းချက်ထုတ်ပြန်လိုက်သည်။
Lion Air မှ လေယာဉ်များမှာ ၂၀၁၂၊၂၀၁၃နှင့် ၂၀၁၄ ခုနှစ်များအတွင်းက မတော်တဆမှု့ များ ဖြစ်ပေါ်ခဲ့ပြီး ယနေ့ ထပ်မံဖြစ်ပွားခဲ့သည့် မတော်တဆမှု့ ကြောင့် ဈေးနှုန်းသက်သာသည့် လေကြောင်းလိုင်းများတွင် စီးနင်းခြင်းမပြုရန် သတိပေးလိုက်ခြင်းဖြစ်သည်။
JT 610 မှာ အင်ဒိုနီးရှားနိုင်ငံ၊ဂျာကာတာမြို့မှ Pangkal Pinang လေဆိပ်သို့ ထွက်ခွာသည့် ပြည်တွင်းခရီးစဉ်အတွင်းပျက်ကျသွားခဲ့ခြင်းဖြစ်သည်။ဂျာကာတာမှနံနက် ၆း၂၀တွင် ထွက်ခွာခဲ့ပြီး နံနက် ၇း၂၀ တွင် ရောက်ရှိရန် သတ်မှတ်ထားသော်လည်း ဂျာကာတာလေဆိပ်မှထွက်ခွာပြီး ၁၃ မိနစ်အကြာမှာပင် အဆက်အသွယ်ပြတ်တောက်ကာ ပျက်ကျခဲ့ခြင်းဖြစ်သည်။ လေယာဉ်မှာ ဂျာကာတာမြို့၏အရှေ့ဘက် ၃၂ မိုင်အကွာတွင်ရှိသည့် ကရာဝန်မြို့ကမ်းရိုးတန်းမှ ၆၃ ကီလိုမီတာ(၃၄မိုင်)အကွာ အနောက်ဂျားဗားပင်လယ်ပြင်အတွင်း ပျက်ကျခဲ့ခြင်းဖြစ်သည်။ ပျက်ကျသည့်နေရာတွင် ရေအနက်မှာ ၃၀ မီတာမှ ၄၀ မီတာ( ၉၈ ပေမှ ၁၃၁ ပေကျော် ) အနက်ရှိကြောင်း သိရသည်။
အဆိုပါလေယာဉ်တွင် ခရီးသည်များအဖြစ် ကလေး ၁ဦး၊ မွေးကင်းစ ၂ဦးအပါအ၀င် စုစုပေါင်း ၁၈၁ ဦး ပါဝင်ခဲ့ကာ လေယာဉ်အမှုထမ်း ၈ ဦး၊စုစုပေါင်း ၁၈၉ ဦးလိုက်ပါသွားခဲ့ကြသည်။ ခရီးသည်များထဲတွင်အင်ဒိုနီးရှားဘဏ္ဍာရေးဝန်ကြီးဌာနမှ အရာရှိနှင့် ၀န်ထမ်း ၂၀ ဦး၊Bangka Belitung ကျွန်းစုဒေသများမှပြည်သူ့လွှတ်
တော်ကိုယ်စားလှယ် ၇ဦးနှင့် အဆင့်မြင့်တရားရေးဝန်ကြီးဌာနများမှ တရားသူကြီး ၃ဦးတို့ကလည်း ခရီးသည်များအဖြစ် လိုက်ပါခဲ့ကြသည်။
အဆိုပါလေယာဉ်ပျက်ကျရသည့် အကြောင်းရင်းမှန်ကို စုံစမ်းစစ်ဆေးဖော်ထုတ်ရန် ညွှန်ကြားထားသလို လေယာဉ်ပေါ်တွင် ပါရှိသွားသူများ၏ မိသားစုဝင်များနှင့်အတူ ထပ်တူဝမ်းနည်းကြေကွဲရသည်ဟု အင်ဒိုနီးရှားသမ္မတ ဂျီုကိုဝီဒိုဒိုက ပြောကြားထားသည်။
ရှာဖွေကယ်ဆယ်ရေးများက လေယာဉ်ပျက်မှ အပျက်အစီးများ၊ ခရီးသည်များ၏ ပစ္စည်းများ၊ ရုပ်အလောင်းများကိုရှာဖွေတွေ့ရှိနေပြီဖြစ်သည်။ကယ်ဆယ်ရေးမြင်ကွင်း များမှအခြေအနေအရ အသက်ရှင်နိုင်သူမရှိနိုင်ကြောင်း၊ သို့ သော် မည်သည့်အရာမှ အတည်မပြုနိုင်သေးဘဲဆုတောင်းရန်သာရှိသည်ဟု အင်ဒိုနီးရှားအာဏာပိုင်များက ပြောကြားထားသည်။
Flight JT 610 ကို မောင်းနှင်ခဲ့သူမှာ အသက် ၃၁နှစ်ရှိ အိန္ဒိယနိုင်ငံသား လေယာဉ်မှူး Bhavye Suneja ဖြစ်သည်။ ၄င်းမှာ နယူးဒေလီမြို့ရှိ Mayur Vihar တွင် အခြေစိုက်နေထိုင်သူဖြစ်ပြီး ၂၀၀၉ ခုနှစ်အတွင်း Bel Air International မှ လေယာဉ်မောင်းလိုင်စင် ရရှိခဲ့သူဖြစ်သည်။ Lion Air တွင် ၂၀၁၁ ခုနှစ်ကတည်းက စတင် ၀င်ရောက်လုပ်ကိုင်ခဲ့ကာ ၄င်းနှင့် တွဲဖက်လေယာဉ်မှူးဖြစ်သူ Harvino တို့ ၂ဦးပေါင်းမှာ စုစုပေါင်း လေယာဉ် မောင်းပျံသန်းချိန် နာရီ ၁၁,၀၀၀ အထိရှိကြောင်း သိရသည်။ ၃၁ နှစ်ရှိ Suneja မှာ လေယာဉ်မောင်း ပျံသန်းချိန်နာရီ ၆,၀၀၀ အထိရှိပြီး ၀ါရင့်လေယာဉ်မှူးတစ်ဦးဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်များအရ သိရသည်။
╬═╬
╬═╬
╬═╬
╬═╬
╬═╬
╬═╬
☻_____မိုရှီ @ Mòšhï Mòšhï _____☻
/▌____©™ Akhtoo Saw™ ®____/▌
/ \___________________________/ \
- - - - - - - - - - - - - - - - - - - - - - - - - - - - -
"Sharing is Caring" ヅ ヅ ヅ
© ™Hotel & Tourism News In Myanmar™ ®
Like & Follow us on Facebook.
https://www.facebook.com/myanmarhoteltourismnews
- - - - - - - - - - - - - - - - - - - - - - - - - - - - -


