Novel King is on Facebook. To connect with Novel, log into Facebook.
Novel King is on Facebook. To connect with Novel, log into Facebook.
Novel King, profile picture
May be an image of 2 people and people smiling

New Publication - Preventing Orphanage Tourism

မိဘမဲ့ကလေးများဂေဟာသို့ ခရီးသွားခြင်း လုပ်ငန်းအား ကာကွယ်တားဆီးခြင်း စာအုပ်သစ်
(Please find the English version below)
+++++++++++++++++++++++++++++++

မြန်မာနိုင်ငံရှိ မိဘမဲ့ကလေးများ၏ ၇၃% တွင် မိဘများ အမှန်တကယ်ရှိနေကြောင်း သင် သိပါသလား။ အလှူဒါနနှင့် ကောင်းမှုပြုချင်သော ခရီးသည်များအကြား တွင် မိဘမဲ့ကလေးများဂေဟာသို့ သွားရောက်လည်ပတ်ခြင်းသည် ပိုမိုခေတ်စားလာနေပါသည်။ သို့ရာတွင် တစ်ခါတစ်ရံ၌ ကောင်းမှုပြုခြင်းသည် သင့်တော်သည့် အမှုကိစ္စအား ပြုမူခြင်းမဟုတ်ပါ။ မိဘမဲ့ကလေးများဂေဟာသို့ ခရီးသွားခြင်း ၏ နောက်ဆက်တွဲဆိုးကျိုးများအား တင်ပြနိုင်ရန် နှင့် ဤကဲ့သို့ အဖြစ်များ ထပ်မံမဖြစ်ပွားရန် သတိထားရှောင်ကြဉ်ရန်များကို ဖေါ်ပြထားသည့် စာအုပ်ငယ်တစ်အုပ်ကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ မြန်မာ့တာဝန်သိခရီးသွားလုပ်ငန်းအဖွဲ့တို့နှင့် ပူးပေါင်း၍ ကျွန်ုပ်တို့ဖောင်ဒေးရှင်းက ထုတ်ဝေထားပါသည်။

စာအုပ်ကို အောက်ပါ လင့် တွင် ရယူနိုင်ပါသည်။
https://view.publitas.com/hanns-seidel-foundation-myanmar/preventing-orphanage-tourism/

နောက်ခံအခြေအနေ
မိဘမဲ့ကလေးများဂေဟာသို့ ခရီးသွားခြင်း သည် ခရီးသည်များအား ဆွဲဆောင်ဖွယ်ရာ နေရာများအဖြစ် ကလေးများအား ပြုစုစောင့်ရှောက်နေရာများသို့ သွားရောက်လည်ပတ်ခြင်းအား အားပေးမြှင့်တင်သည့် ခရီးသွားလုပ်ငန်းတစ်မျိုးဖြစ်သည်။ အထူးဖြင့် ဆင်းရဲနွမ်းပါးသောဒေသများတွင် ဤခရီးစဉ်များသည် အလွန် ထင်ရှားပါသည်။ ထိုအခြေအနေများတွင် မနှစ်မြို့ဖွယ်ရာ ဆောင်ရွက်ချက်များ၊ ကလေးများကို ယင်းတို့၏ မိသားစုများထံမှ မလိုမပ်ဘဲ ဖွဲထုတ်ထားခြင်း နှင့် ကလေးများအား လူမှောင်ခိုကုန်ကူးခြင်းတို့ ဆီသို့ ဦးတည်နေပါသည်။ နိုင်ငံအများစုကဲ့သို့ပင် မြန်မာနိုင်ငံတွင်လည်း ကလေးများ၏ ဘဝလုံခြုံရေးကို အာမခံထားသည့် ၊ မိဘမဲ့ကလေးများအား ကာကွယ်ပေးနိုင်မည့်မူဝါဒမရှိသေးပါ။

လောလောဆယ်အခြေအနေတွင် အစိုးရအနေဖြင့် ကလေးသူငယ်စောင့်ရှောက်ရေးဂေဟာများ (မှတ်ပုံတင်ထားသည်ဖြစ်စေ၊ မတငထားသည်ဖြစ်စေ) သို့ သွားရောက်လည်ပတ်ခြင်းအား ထိန်းချုပ်ရန် မဖြစ်နိုင်သေးပါ။ ခရီးစဉ် စီစဉ်သူများသည် မိဘမဲ့ကလေးများဂေဟာသို့ သွားရောက်လည်ပတ်ခြင်း ခရီးစဉ်များအပေါ် များစွာ သြဇာသက်ရောက်နေပါသည်။ ဤစာအုပ်ငယ်သည် စိတ်ပါဝင်စားသူများအားလုံး နှင့် ခရီးသည်များအတွက် ဖြေရှင်းနိုင်ဖွယ်ရာ နည်းလမ်းများကို တင်ပြထားပါသည်။
မိဘမဲ့ကလေးများဂေဟာများရှိ ကလေးငယ်များ၏ အခြေအနေမှန်ကို လေ့လာ၍ ခရီးသွားလုပ်ငန်းသည် ၎င်းတို့အတွက် ကောင်းကျိုးထက် ဆိုးကျိုးကို ပိုမိုဖြစ်စေသည့်အကြောင်းကို လေ့လာနိုင်ပါသည်။ လူအများ ပိုမိုသတိပြုမိစေရန် ဝိုင်းဝန်းကူညီ၍ သင်၏ ခရီးစဉ်အတွင်းမှ မိဘမဲ့ကလေးများဂေဟာသို့ သွားရောက်မည့်အစီအစဉ်ကို ပယ်ဖျက်ပါ၊ လူမှုအသိုင်းအဝိုင်းကို ပံ့ပိုးပေးပြီး ဒေသတွင်းကွန်ယက်များမှတစ်ဆင့် လူမှု စီးပွားကို အားပေးမြှင့်တင်ပါ ရန်…။
--------------------------------------------------

Did you know that 73% of children in Myanmar’s orphanages do actually have families? Orphanage Tourism is a growing travel trend amongst tourists who want to do good. But sometimes the good thing to do is not the right thing to do. In cooperation with MRTI - Myanmar Responsible Tourism Institute and the Ministry of Hotels and Tourism we published a brochure that informs about the numerous negative consequences of Orphanage Tourism and offers practical tips to avoid the further spread of this harmful trend.

Find the publication here:
https://view.publitas.com/hanns-seidel-foundation-myanmar/preventing-orphanage-tourism/

Background
Orphanage Tourism is a form of tourism that promotes and encourages visits to child care facilities as attractions for tours and tourists. It is especially famous in destinations with high levels of poverty, where it leads to unscrupulous practices, the unnecessary separation of children from their families and trafficking of children. As in many countries there are no Child Protection Policies in Myanmar’s orphanages that guarantee the children’s well-being.

As currently it is impossible for the government to control visits to both registered and unregistered child care facilities, tour operators may have the largest impact on the development of Orphanage Tourism. The brochure is addressed to anyone interested, also to tourists and travelers.

Learn about the real situation of children in orphanages and the many reasons why in the context of tourism they create more harm than good. Help raise awareness, remove orphanage tours from your itinerary and support communities and social enterprises by giving through local networks.