သမိုင်းဝင်ဂိတ်တံခါးကြီးလေလံတင်မည့်ကိစ္စ (The auction Issue for historic gate)
သမိုင်းဝင်ဂိတ်တံခါးကြီးလေလံတင်မည့်ကိစ္စ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှိ ဂိတ်တံခါးကြီးကိုကျွန်တော် တရားဝင်လက်ဝယ်ရရှိထားပါသည်။ ထိုဂိတ်တံခါးကြီးနှင့်အတူ (၅၄)ဆိုသော အိမ်နံပတ်ကြွေပြားတစ်ခုကိုလည်းရရှိထားပါသည်။
၎င်းပစ္စည်းတို့သည် သမိုင်းဝင်ပစ္စည်းများဖြစ်သောကြောင့်ကျွန်တော်အမြတ်တနိုး သိမ်းဆည်း ထားရှိခဲ့ပါသည်။ ထိုဂိတ်တံခါးကြီးကသာ စကားပြောနိုင်မယ်ဆိုရင်နှစ်ပေါင်း(၂၅)နှစ်ကျော် မြန်မာ့ဒီမိုကရေစီ တိုက်ပွဲသမိုင်းကို ပြန်လည်ပြောပြနိုင်သောပစ္စည်းတစ်ခုဖြစ်ပါသည်။
ကျွန်တော်သားစဉ်မြေးမြစ်သိမ်းဆည်းထားလိုသော်လည်းဗိုလ်ချုပ်အောင်ဆန်းနှစ်(၁၀၀)ပြည့် မွေးနေ့အခမ်းအနားနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးချုပ်တည်ဆောက်ရေးတို့အတွက်အလှူငွေအားလုံး လှူဒါန်းလိုပါသဖြင့် အဆိုပါဂိတ်တံခါးကြီးနှင့် အိမ်နံပတ်ပြားတို့အားကြမ်းခင်းဈေး ကျပ်သိန်း(၂၀၀၀)ဖြင့် လေလံတင်ရောင်းချလိုပါသည်။
မြန်မာနိုင်ငံသားများသာမက ကမ္ဘာတ၀ှမ်းရှိလူမျိုးမရွေး၊ နိုင်ငံသားမရွေး ဒီမိုကရေစီမြတ်နိုးသူ တိုင်းဝယ်ယူနိုင်ရန် အသိပေးအပ်ပါသည်။လေလံပွဲအသေးစိတ်ကို ရက်ပိုင်းအတွင်း ကြေငြာပါမည်။
ဦးစိုးညွန့်(တော်ဝင်နှင်းဆီ)
The auction Issue for historic gate
Ihave received the “entrance door” from the residence of the Chairman ofNational League for Democracy, Nobel Peace Prize winner, the leader of Myanmarpeople. And I also got the ceramic brick tile marked number (54) in my hands.
Ihave been keeping them with lovingly because they are historic resources. Ifthis great door can speak, it can narrate about the history of Burmese democracycombat for 25 years.
Despitekeeping them for my next generation, I want to auction these historic Gate andceramic brick marked house number (54) off with the knock-down price, two hundredmillion kyats. And I am certain to donate all the money getting from sellingthese things for the hundredth birthday of General Aung San Anniversary and thenew building of National League for Democracy.
Ilet all of Myanmar nationality and people around the world (every citizen andevery nationality) who keep lovingly the spirit of democracy know thisinformation to support the auction. I will inform the detailed facts for theauction within the following days.
USoe Nyunt (Royal Rose)

Tint Shein
ကောင်းမွန်တဲ့ အကြံပိုင်သော ငခွေး ဖြစ်ပါသည်။ ဦးစိုးညွန့်ကိုရိုင်းပျစွာခိုင်းနှိင်းပြောဆိုချင်းမဟုတ်ပါ။ ဂုဏ်ယူပြောဆိုခြင်းသာဖြစ်ပါသည်။

Aye Marn
လိုချင်မိပါတယ်

Khin Maung Kyi
ဒီအရင်က သစ်သားတံခါး အဟောင်းတော့ မရှိတော့ဘူးထင်တယ်။

Steven Myo
သမိုင်းဝင်တံခါးမို့တန်ပါတယ်..NLD ဌာနချူ ပ်ဆောက်တဲ့ထဲအဲ့ငွေတွေထည့်မှာပဲလေ..အလှူ ပေါ့