မြန်မာနိုင်ငံအကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းချုပ် is on Facebook. To connect with မြန်မာနိုင်ငံအကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းချုပ်, log in or create an account.
မြန်မာနိုင်ငံအကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းချုပ် is on Facebook. To connect with မြန်မာနိုင်ငံအကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းချုပ်, log in or create an account.

မြန်မာနိုင်ငံအကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းချုပ်

Private group
Private
Only members can see who's in the group and what they post.
Visible
Anyone can find this group.
About
အသင်းဖြစ်ပေါ်လာပုံအကျဉ်းချုပ်

၁၉၉၇ ခုနှစ်၊ ဇူလှိုင်လ ၁၂ ရက်နေ့တွင် မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေ ပုဒ်မ(၂၆) အရ မှတ်ပုံတင်အမှတ် ၄၀၁/၁၉၉၇-၁၉၉၈ ဖြင့် စတင်တည်ထောင်ခဲ့သည်။

၁၉၉၈ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့တွင်More ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များ နှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၏ ( UMFCCI) ညီနောင်အသင်း တစ်သင်း ဖြစ်လာခဲ့သည်။

၂၀၀၂ ခုနှစ်တွင် ကနေဒါနိုင်ငံ၊အော့တဝါလ်မြို့တွင် ရုံးစိုက်ဖွင့်လှစ်ထားသော အပြည်ပြည် ဆိုင်ရာအကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းချုပ်(IFCBA) အသင်းဝင်ဖြစ်လာ ခဲ့သည်။
၂၀၀၆ ခုနှစ်တွင် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးဆုံးဖြတ်ချက်အရ အသင်း အမည်ကို မြန်မာနိုင်ငံအကောက်ခွန်လုပ်ငန်းများဆိုင်ရာဝန်ဆောင်သူများအသင်း အမည် သို့ပြောင်းလဲခဲ့သည်။

၂၀၁၇ ခုနှစ် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးအတည်ပြုချက်ဖြင့် အသင်း၏ သင်းဖွဲ့စည်းမျဉ်း သင်းဖွဲ့မှတ်တမ်းများကို အသစ်ပြန်လည်ရေးဆွဲနိုင်ခဲ့ပြီး အသင်းအမည် ကိုလည်း မြန်မာနိုင်ငံအကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း အမည်သို့ ပြောင်းလဲခဲ့သည်

အသင်း၏ဦးတည်ချက်များ( Vision)

အသင်းဝင်များ၏ လိုအပ်ချက်များကို ပံ့ပိုးဆောင်ရွက်ပေးကာ အသင်းဝင်များ၏ ယုံကြည်မှုဖြင့် အသင်း၏ ဂုဏ်သတင်းကောင်းမွန်ပြီး အသင်းရေရှည်တည်တံ့စေရမည်။

အသင်း၏ရည်မှန်းချက်များ ( Mission)
အသင်းဝင်များ၏ လူ့စွမ်းအားအရင်းအမြစ်ဖွ့ံဖြိုးတိုးတက်စေရန်အတွက် အသင်း၏ဝန်ဆောင်မှုများကို အကောင်းဆုံးဆောင်ရွက်ပေးခြင်းဖြင့် အသင်းဝင်များ၏ စွမ်းဆောင်ရည်မြှင့်တင်လာကာ စည်းကမ်းကျင့်ဝတ်များကို အကောင်းဆုံးလိုက်နာစေခြင်းနှင့် ဝန်ဆောင်မှုအရေအသွေးများ ကောင်းမွန်လာစေရန်ဆောင်ရွက်မည်။

အသင်း၏ရည်ရွယ်ချက်များ

အသင်းရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက်အမြဲကြိုးပမ်းဆောင်ရွက်ရန်
နိုင်ငံတကာအကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်း အသင်းအဖွဲ့များနှင့် ဆက်သွယ်၊ပူးပေါင်းကာအတွေ့ အကြုံ၊နည်းပညာများ ရရှိပြန့်ပွားစေအောင် ကျယ်ကျယ်ပြန့်ပြန့် နှီးနှောဖလှယ်ရန်။
ကုန်သွယ်မှုလွယ်ကူလျင်မြန်ချောမွေ့စေရန်အတွက် သက်ဆိုင်ရာဌာန၊အဖွဲ့အစည်းများနှင့် အင်တိုက်အားတိုက် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်။
အသင်းဝင်များ၏ လုပ်ငန်းပိုင်းဆိုင်ရာ အခက်အခဲများကိုဝိုင်းဝန်းကူညီ ဖြေရှင်းဆောင်ရွက်ပေးရန်။
အကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်ရာတွင်ဥပဒေနှင့်အညီဆောင်ရွက်စေရန် အသိပညာပေးစည်းရုံး ဆောင်ရွက်ရန်။

အသင်းသားအရည်အချင်းများ

အကောက်ခွန်ဦးစီးဌာနမှ အသိအမှတ်ပြုအကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်းလိုင်စင် ရရှိထားသူ မြန်မာနိုင်ငံသားများ( အဝါကတ်ကိုင်ဆောင်သူများ)
တရားဝင်အသိအမှတ်ပြု အကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ရှိသော လုပ်ငန်း တစ်ခုတွင် အကောက်ခွန်ဦးစီးဌာနတွင်မှတ်ပုံတင်၍ခန့်ထားသော မြန်မာနိုင်ငံသား ဝန်ထမ်းများ။(ပန်းရောင်ကတ်ကိုင်ဆောင်သူများ)
အကောက်ခွန်ဝန်ဆောင်မှုသင်တန်းအောင်မြင်ပြီးသူများ၊
မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများရှိ အကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်းရှင်အသင်းများ၊
အသင်းဝင်အဖြစ်လျှောက်ထားသူသည် ဥပဒေအရလူမွဲအဖြစ်လည်းကောင်း၊ အမည်ပျက် စာရင်းဝင်(Black List)အဖြစ်လည်းကောင်း၊ ကြေညာခံရသည့် အသင်းအဖွဲ့/ ပုဂ္ဂိုလ်မဖြစ်စေရ။
စိတ်ပေါ့သွပ်ရှုးနှမ်းသူမဖြစ်စေရ၊
သာသနာ့ဘောင်သို့အပြီးဝင်ရောက်ထားသူမဖြစ်စေရ၊