စစ်အာဏာသိမ်းမှုကိုလက်မခံဘဲ ကိုယ်တိုင်လွှတ်တော်ခေါ်ယူခဲ့တဲ့ NLD ကိုယ်စားလှယ်တွေကို လက်ခုပ်တီးဂုဏ်ပြု
----------------------
စစ်အာဏာသိမ်းယူမှုကို လက်မခံကြောင်းပြသတဲ့အနေနဲ့ နေပြည်တော်စည်ပင်ရိပ်သာဝန်းအတွင်းက NLD လွှတ်တော်ကိုယ်စားလှယ်အမတ်တွေဟာ ဒီကနေ့၊နေ့လည်ပိုင်းကကိုယ်တိုင်လွှတ်တော်ခေါ်ယူပြီး ပြည်သူ့တာဝန်ကိုကျေပွန်အောင်ထမ်းဆောင်မယ်ဆိုပြီး ကတိသစ္စာပြုလွှာတွေကိုလက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ဒီလုပ်ရပ်ကို ပြည်သူလူထုကထောက်ခံကြိုဆိုခဲ့ပြီး ဒီကနေ့ညနေ(၅)နာရီမှာတော့ ကိုယ်စားလှယ်တွေဂုဏ်ပြုကြိုဆိုတဲ့ အထိမ်းအမှတ်အဖြစ် နေအိမ်တွေကနေ (၅)မိနစ်ကြာလက်ခုပ်တီးဂုဏ်ပြုခဲ့ကြပါတယ်။
မြန်မာပြည်သူလူထုဟာ စစ်တပ်ကအာဏာသိမ်းယူပြီးနောက်ပိုင်း အာဏာသိမ်းယူမှုကို ဆန့်ကျင်တဲ့လှုပ်ရှားမှုအဖြစ် ဖေဖေါ်ဝါရီ(၂)ရက်ကစတင်ကာ နေ့စဉ်ည(၈)နာရီတိုင်း တစ်နိုင်ငံလုံးတစ်ပြိုင်နက်တည်းသံပုံးတီးလှုပ်ရှားမှုကိုလည်းပြုလုပ်နေပါတယ်။
ဓာတ်ပုံ- သားကြီး
မန္တလေးမှာ သံပုံးတီးသူ(၆)ဦးကို အလုပ်မပါထောင်ဒဏ် ၇ရက်ချ
-------------------
မန္တလေးမှာ စစ်အာဏာသိမ်းမှုဆန့်ကျင်ကြောင်း သံပုံးတီးပြီးဆန္ဒထုတ်ဖော်ခဲ့ကြသူတွေထဲကမှ ရဲတပ်ဖွဲ့ရဲ့လိုက်လံဖမ်းဆီးမှုခံရသူ ၆ ဦးကို ချမ်းမြသာစည်တရားရုံးက ထောင်ဒဏ် ၇ ရက်ချမှတ်လိုက်ပါတယ်။
စတီးဇလုံတီးတာက၂ ယောက်၊ လင်ပန်းတီးတာက ၂ ယောက်၊ ဆိုင်ကယ်ဟွန်းသံအရှည်ကြီးတီးတာက ၂ ယောက် စုစုပေါင်း ၆ ယောက်ကို ရဲအက်ပုဒ်မ ၄၇ အရ အလုပ်မပါထောင်ဒဏ် ၇ ရက်စီချမှတ်လိုက်တာလို့ တရားရုံးတာဝန်ကျတရားသူကြီးကအတည်ပြုပြောကြားပါတယ်။
ဓာတ်ပုံ- မင်းနန္ဒ (မန္တလေး)
ဖေဖော်ဝါရီ ၈ ရက် နံနက် ၅ နာရီမှာ ဆရာတော်ကြီးများ ၊ သက်ဆိုင်ရာတာဝန်ရှိသူများနဲ့ ဖွင့်ပွဲပြုလုပ်မှာဖြစ်ပြီး ဖွင့်ပွဲကျင်းပပြီးချိန်ကစလို့ ပြည်သူတွေလာရောက် ဖူးမြော်နိုင်မယ်လို့ သိရပါတယ်။
စင်ကာပူနိုင်ငံမှာ လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေနဲ့ ဆက်စပ်ပြီး ဆန္ဒပြရန် စီစဥ်နေမှုတွေကို ရဲတပ်ဖွဲ့က ယနေ့ (ဖေဖေါ်ဝါရီ ၅ ရက်) သတိပေးချက်တစ်ရပ် ထုတ်ပြန်လိုက်ကြောင်း သိရပါတယ်။
ဒီဗွီဘီ ရုပ်မြင်သံကြား သတင်းဌာန
























