သံပုံးတီးသော ဒုတိယနေ့
အာဏာသိမ်းယူထားတဲ့ စစ်အစိုးရကို ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်တဲ့အနေနဲ့ ပြည်သူများ နေအိမ်မှ သံပုံး၊ စတီးပုံးများ တီးခတ်ခြင်းကို မနေ့ (ဖေဖော်ဝါရီ ၂ ရက်) က ရန်ကုန်မြို့အနှံ့အပြားမှာ စတင်ခဲ့ပြီး ယနေ့မှာလည်း ဆက်လက်ပြုလုပ်နေကြတာ တွေ့ရပါတယ်။
ယနေ့မှာတော့ သံပုံးများတီးခတ်ခြင်းအပြင် NLD အလံများ ဝှေ့ရမ်းခြင်း၊ ကားဟွန်းများတီးခြင်း၊ ကမ္ဘာမကြေဘူး သီချင်း သီဆိုခြင်း၊ အမေစုကျန်းမာပါစေလို့ သံပြိုင်ရွတ်ဆိုခြင်းများကိုလည်း တွေ့ရှိရပါတယ်။ ယင်းသို့ဆန္ဒဖော်ထုတ်မှုကို ည ၈ နာရီမှစတင်ပြုလုပ်ကြတာဖြစ်ပြီး ယခုပို့စ်တင်တဲ့ ည ၈ နာရီခွဲအချိန်အထိ ရပ်တန့်ခြင်းမရှိသေးပါဘူး။
မန္တလေးမှာ သံပုံးတီးသူ(၆)ဦးကို အလုပ်မပါထောင်ဒဏ် ၇ရက်ချ
-------------------
မန္တလေးမှာ စစ်အာဏာသိမ်းမှုဆန့်ကျင်ကြောင်း သံပုံးတီးပြီးဆန္ဒထုတ်ဖော်ခဲ့ကြသူတွေထဲကမှ ရဲတပ်ဖွဲ့ရဲ့လိုက်လံဖမ်းဆီးမှုခံရသူ ၆ ဦးကို ချမ်းမြသာစည်တရားရုံးက ထောင်ဒဏ် ၇ ရက်ချမှတ်လိုက်ပါတယ်။
စတီးဇလုံတီးတာက၂ ယောက်၊ လင်ပန်းတီးတာက ၂ ယောက်၊ ဆိုင်ကယ်ဟွန်းသံအရှည်ကြီးတီးတာက ၂ ယောက် စုစုပေါင်း ၆ ယောက်ကို ရဲအက်ပုဒ်မ ၄၇ အရ အလုပ်မပါထောင်ဒဏ် ၇ ရက်စီချမှတ်လိုက်တာလို့ တရားရုံးတာဝန်ကျတရားသူကြီးကအတည်ပြုပြောကြားပါတယ်။
ဓာတ်ပုံ- မင်းနန္ဒ (မန္တလေး)
ဖေဖော်ဝါရီ ၈ ရက် နံနက် ၅ နာရီမှာ ဆရာတော်ကြီးများ ၊ သက်ဆိုင်ရာတာဝန်ရှိသူများနဲ့ ဖွင့်ပွဲပြုလုပ်မှာဖြစ်ပြီး ဖွင့်ပွဲကျင်းပပြီးချိန်ကစလို့ ပြည်သူတွေလာရောက် ဖူးမြော်နိုင်မယ်လို့ သိရပါတယ်။
စင်ကာပူနိုင်ငံမှာ လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေနဲ့ ဆက်စပ်ပြီး ဆန္ဒပြရန် စီစဥ်နေမှုတွေကို ရဲတပ်ဖွဲ့က ယနေ့ (ဖေဖေါ်ဝါရီ ၅ ရက်) သတိပေးချက်တစ်ရပ် ထုတ်ပြန်လိုက်ကြောင်း သိရပါတယ်။
ဒီဗွီဘီ ရုပ်မြင်သံကြား သတင်းဌာန
























