မန္တလေးတိုင်းအစိုးရအဖွဲ့ဝင်တွေကို ဌာနပိုင်နေအိမ်တွေကနေ ဖယ်ခိုင်းနေ
---------------------------------
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးတွေရဲ့ဌာနပိုင်နေအိမ်တွေကို တပ်မတော်လုံခြုံရေးတပ်ဖွဲ့က ဝင်ရောက်ရှာဖွေစစ်ဆေးမှုတွေပြုလုပ်ခဲ့သလို နေအိမ်တွေ ကနေလည်းဖယ်ခိုင်းထားလို့ ပစ္စည်းတွေပြောင်းရွှေ့မှုတွေပြုလုပ်နေတာကို ဒီကနေ့ညနေ ၄ နာရီလောက်ကတွေ့ခဲ့ရပါတယ်။
အလားတူစွာပဲ ချမ်းအေးသာစံမြို့နယ် ၂၈ လမ်း၊ ၆၄ လမ်းနဲ့ ၆၅ လမ်းကြားက မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဧည့်ရိပ်သာအတွင်းက အသုံးအဆောင်ပစ္စည်းတွေကို ဒီကနေ့ညနေပိုင်းက လွှတ်တော်ဝန်ထမ်းတွေနဲ့ပြောင်းရွှေ့နေတာကိုတွေ့ခဲ့ရပါတယ်။
လက်ရှိမှာ မန္တလေးမြို့တော်ဝန်ကလွဲလို့ ဝန်ကြီးတော်တော်များများရဲ့သတင်းအစအနစုံစမ်းလို့မရသလောက်ဖြစ်နေပြီး အတည်မပြုနိုင်သေးတဲ့သတင်းတွေအရ တော့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာမန္တလေးနန်းတွင်းထဲခေါ်ဆောင်စစ်ဆေးနေတယ်လို့သိရပါတယ်။
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်အနေနဲ့လည်း နေအိမ်အကျယ်ချုပ်နဲ့နေနေရပြီး တပ်မတော်က ပါတီရုံးတွေကိုလည်း ချိတ်ပိတ်တာတွေ ဝင်ရောက် ရှာဖွေတာတွေ ဒီကနေ့အထိလုပ်နေဆဲပဲဖြစ်ပါတယ်။
ဓာတ်ပုံ - မင်းနန္ဒ(မန္တလေး)
မန္တလေးမှာ သံပုံးတီးသူ(၆)ဦးကို အလုပ်မပါထောင်ဒဏ် ၇ရက်ချ
-------------------
မန္တလေးမှာ စစ်အာဏာသိမ်းမှုဆန့်ကျင်ကြောင်း သံပုံးတီးပြီးဆန္ဒထုတ်ဖော်ခဲ့ကြသူတွေထဲကမှ ရဲတပ်ဖွဲ့ရဲ့လိုက်လံဖမ်းဆီးမှုခံရသူ ၆ ဦးကို ချမ်းမြသာစည်တရားရုံးက ထောင်ဒဏ် ၇ ရက်ချမှတ်လိုက်ပါတယ်။
စတီးဇလုံတီးတာက၂ ယောက်၊ လင်ပန်းတီးတာက ၂ ယောက်၊ ဆိုင်ကယ်ဟွန်းသံအရှည်ကြီးတီးတာက ၂ ယောက် စုစုပေါင်း ၆ ယောက်ကို ရဲအက်ပုဒ်မ ၄၇ အရ အလုပ်မပါထောင်ဒဏ် ၇ ရက်စီချမှတ်လိုက်တာလို့ တရားရုံးတာဝန်ကျတရားသူကြီးကအတည်ပြုပြောကြားပါတယ်။
ဓာတ်ပုံ- မင်းနန္ဒ (မန္တလေး)
ဖေဖော်ဝါရီ ၈ ရက် နံနက် ၅ နာရီမှာ ဆရာတော်ကြီးများ ၊ သက်ဆိုင်ရာတာဝန်ရှိသူများနဲ့ ဖွင့်ပွဲပြုလုပ်မှာဖြစ်ပြီး ဖွင့်ပွဲကျင်းပပြီးချိန်ကစလို့ ပြည်သူတွေလာရောက် ဖူးမြော်နိုင်မယ်လို့ သိရပါတယ်။
စင်ကာပူနိုင်ငံမှာ လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေနဲ့ ဆက်စပ်ပြီး ဆန္ဒပြရန် စီစဥ်နေမှုတွေကို ရဲတပ်ဖွဲ့က ယနေ့ (ဖေဖေါ်ဝါရီ ၅ ရက်) သတိပေးချက်တစ်ရပ် ထုတ်ပြန်လိုက်ကြောင်း သိရပါတယ်။
ဒီဗွီဘီ ရုပ်မြင်သံကြား သတင်းဌာန























