တပ်မတော်ကိုဝေဖန်မှုနဲ့တရားစွဲဆိုခံထားရတဲ့ မန္တလေးမြို့က မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော်ကို မနေ့ကဖမ်းဆီးလူဝတ်လဲပြီး ဒီကနေ့ရုံးတင်စစ်ဆေးခဲ့ပါတယ်။ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၀ နဲ့တရားစွဲတင်စစ်ဆေးတဲ့အမှုဖြစ်တယ်လို့သိရပြီး အရင်ကတော့ ဒီအမှုအတွက် ဆရာတော်ကိုအာမခံပေး ထားတာဖြစ်တယ်လို့ဆိုပါတယ်။ ဆရာတော်က ဒီကနေ့ရုံးချိန်းကို လူဝတ်လဲဘဝနဲ့အချုပ်ကားနဲ့တရားလာရောက်ရင်ဆိုင်ခဲ့တာဖြစ်ပြီး အချုပ်ကားပေါ်ကနေ အခြေခံဥပဒေဖောက်ဖျက်ကာ မတရားဖမ်းဆီးခဲ့တာဖြစ်တယ်လို့မိန့်ကြားခဲ့ပါတယ်။
မန္တလေးမှာ သံပုံးတီးသူ(၆)ဦးကို အလုပ်မပါထောင်ဒဏ် ၇ရက်ချ
-------------------
မန္တလေးမှာ စစ်အာဏာသိမ်းမှုဆန့်ကျင်ကြောင်း သံပုံးတီးပြီးဆန္ဒထုတ်ဖော်ခဲ့ကြသူတွေထဲကမှ ရဲတပ်ဖွဲ့ရဲ့လိုက်လံဖမ်းဆီးမှုခံရသူ ၆ ဦးကို ချမ်းမြသာစည်တရားရုံးက ထောင်ဒဏ် ၇ ရက်ချမှတ်လိုက်ပါတယ်။
စတီးဇလုံတီးတာက၂ ယောက်၊ လင်ပန်းတီးတာက ၂ ယောက်၊ ဆိုင်ကယ်ဟွန်းသံအရှည်ကြီးတီးတာက ၂ ယောက် စုစုပေါင်း ၆ ယောက်ကို ရဲအက်ပုဒ်မ ၄၇ အရ အလုပ်မပါထောင်ဒဏ် ၇ ရက်စီချမှတ်လိုက်တာလို့ တရားရုံးတာဝန်ကျတရားသူကြီးကအတည်ပြုပြောကြားပါတယ်။
ဓာတ်ပုံ- မင်းနန္ဒ (မန္တလေး)
ဖေဖော်ဝါရီ ၈ ရက် နံနက် ၅ နာရီမှာ ဆရာတော်ကြီးများ ၊ သက်ဆိုင်ရာတာဝန်ရှိသူများနဲ့ ဖွင့်ပွဲပြုလုပ်မှာဖြစ်ပြီး ဖွင့်ပွဲကျင်းပပြီးချိန်ကစလို့ ပြည်သူတွေလာရောက် ဖူးမြော်နိုင်မယ်လို့ သိရပါတယ်။
စင်ကာပူနိုင်ငံမှာ လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေနဲ့ ဆက်စပ်ပြီး ဆန္ဒပြရန် စီစဥ်နေမှုတွေကို ရဲတပ်ဖွဲ့က ယနေ့ (ဖေဖေါ်ဝါရီ ၅ ရက်) သတိပေးချက်တစ်ရပ် ထုတ်ပြန်လိုက်ကြောင်း သိရပါတယ်။
ဒီဗွီဘီ ရုပ်မြင်သံကြား သတင်းဌာန





















