လွှတ်တော်အမတ်တစ်ချို့ နေပြည်တော်စည်ပင်ဧည့်ရိပ်သာကနေ စတင်ထွက်ခွာ
တပ်မတော်က နေပြည်တော် စည်ပင်ရိပ်သာဝန်းထဲက လွှတ်တော်ကိုယ်စားလှယ်တွေကို ၂၄နာရီအတွင်းထွက်ခွာဖို့ ယနေ့မနက်က ပြောကြားခဲ့ပြီးတဲ့နောက် ဆွေးနွေးညှိနှိုင်းမှုတွေလုပ်ဆောင်ခဲ့ပေမယ့် ယခုနေ့လယ်ပိုင်းမှာတော့ စည်ပင်ဧည့်ရိပ်သာ၂က ကိုယ်စားလှယ်တွေ စတင်ထွက်ခွာနေပြီလို့ သိရပါတယ်။ကျန်ရှိနေတဲ့ ကိုယ်စားလှယ်တွေကလည်း အခန်းတော့ သိမ်းဆည်းထားပြီးပြီဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ-ဆူးနစ်(NPT)
မန္တလေးမှာ သံပုံးတီးသူ(၆)ဦးကို အလုပ်မပါထောင်ဒဏ် ၇ရက်ချ
-------------------
မန္တလေးမှာ စစ်အာဏာသိမ်းမှုဆန့်ကျင်ကြောင်း သံပုံးတီးပြီးဆန္ဒထုတ်ဖော်ခဲ့ကြသူတွေထဲကမှ ရဲတပ်ဖွဲ့ရဲ့လိုက်လံဖမ်းဆီးမှုခံရသူ ၆ ဦးကို ချမ်းမြသာစည်တရားရုံးက ထောင်ဒဏ် ၇ ရက်ချမှတ်လိုက်ပါတယ်။
စတီးဇလုံတီးတာက၂ ယောက်၊ လင်ပန်းတီးတာက ၂ ယောက်၊ ဆိုင်ကယ်ဟွန်းသံအရှည်ကြီးတီးတာက ၂ ယောက် စုစုပေါင်း ၆ ယောက်ကို ရဲအက်ပုဒ်မ ၄၇ အရ အလုပ်မပါထောင်ဒဏ် ၇ ရက်စီချမှတ်လိုက်တာလို့ တရားရုံးတာဝန်ကျတရားသူကြီးကအတည်ပြုပြောကြားပါတယ်။
ဓာတ်ပုံ- မင်းနန္ဒ (မန္တလေး)
ဖေဖော်ဝါရီ ၈ ရက် နံနက် ၅ နာရီမှာ ဆရာတော်ကြီးများ ၊ သက်ဆိုင်ရာတာဝန်ရှိသူများနဲ့ ဖွင့်ပွဲပြုလုပ်မှာဖြစ်ပြီး ဖွင့်ပွဲကျင်းပပြီးချိန်ကစလို့ ပြည်သူတွေလာရောက် ဖူးမြော်နိုင်မယ်လို့ သိရပါတယ်။
စင်ကာပူနိုင်ငံမှာ လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေနဲ့ ဆက်စပ်ပြီး ဆန္ဒပြရန် စီစဥ်နေမှုတွေကို ရဲတပ်ဖွဲ့က ယနေ့ (ဖေဖေါ်ဝါရီ ၅ ရက်) သတိပေးချက်တစ်ရပ် ထုတ်ပြန်လိုက်ကြောင်း သိရပါတယ်။
ဒီဗွီဘီ ရုပ်မြင်သံကြား သတင်းဌာန
























