Информация

အောင်ဝေးရဲ့ ရန်ကုန်ပီတာစဘာဂ့် ကဗျာ ၁၀၀ တတိယအုပ် မိုးမခကနေ ထွက်ပြီ

(မိုးမခ) အောက်တိုဘာ ၂၉၊ ၂၀၂၂



ကျနော်က ကဗျာရေးနေတာ မဟုတ်ပါ

ကျနော်က သမိုင်းရေးနေခြင်းသာ ဖြစ်ပါတယ်

(အောင်ဝေး) အောက်တိုဘာ ၁၈၊ ၂၀၂၂



ကဗျာဆရာအောင်ဝေးရဲ့ နွေဦးတော်လှန်ရေးထဲက ကဗျာ ၁၀၀ - တတိယယအုပ်ပါ။ ရန်ကုန်ပီတာစဘာဂ့် လို့ အမည်ပေးထားပါတယ်။ နွေဦးတော်လှန်ရေးကို ကဗျာနဲ့ နေ့စဉ် မှတ်တမ်းရေးထိုးထားတယ်လို့ ဆိုနီုင်ပါတယ်။ မိုးမခစာနယ်ဇင်းအဖွဲဲ နွေဦးရန်ပုံငွေအတွက် အောင်ဝေးက ပေးအပ်ထားပါတယ်။ မိုးမခစာနယ်ဇင်းအဖွဲ့က နွေဦးတော်လှန်ရေး သတင်းမြင်ကွင်း နေ့စဉ်မှတ်တမ်းစာအုပ်ကို လစဉ်ထုတ်ဝေနေသလို အောင်ဝေး၏ ကဗျာမှတ်တမ်းကိုလည်း ဂုဏ်ယူစွာ ထုတ်ဝေတင်ဆက်လိုက်ပါတယ်။



စာအုပ်တန်ဖိုး က အမေရိကန်ဒေါ်လာ ၄၀။ အွန်လိုင်းက မှာရင် စာတိုက်ခ (အမေရိကန်ပြည်တွင်းအတွက်သာ) ၅ ဒေါ်လာ ကျသင့်ပါတယ်။ နွေဦးရန်ပုံငွေဆိုတော့ မိုးမခက မြန်မာပြည်တွင်းက လိုအပ်ချက်ရှိနေတဲ့ စာပေအနုပညာသည်တွေကို အားပေးမှု ပြုပါတယ်။ အများအပြား အကြီးအကျယ် မလုပ်နိုင်ပါ။ ကဗျာ၊ စာပေ၊ သတင်းသမားတွေအတွက် ကျောက်စက်ရေ တစက်မျှသာ ဆောင်ကျဉ်းနိုင်ပါတယ်။



သည်နေရာကနေ မေးဝယ်ပါ။



မိုးမခရဲ့ ရန်ပုံငွေအလှူရှင်တွေကို မေတ္တာလက်ဆောင်စာအုပ် ပို့ပေးသွားမှာ ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram

t.me@moemaka

#MoeMaKaMedia

#WhatsHappeningInMyanmar
အောင်ဝေးရဲ့ ရန်ကုန်ပီတာစဘာဂ့် ကဗျာ ၁၀၀ တတိယအုပ် မိုးမခကနေ ထွက်ပြီ

(မိုးမခ) အောက်တိုဘာ ၂၉၊ ၂၀၂၂



ကျနော်က ကဗျာရေးနေတာ မဟုတ်ပါ

ကျနော်က သမိုင်းရေးနေခြင်းသာ ဖြစ်ပါတယ်

(အောင်ဝေး) အောက်တိုဘာ ၁၈၊ ၂၀၂၂...
ЕщёМеньше