Capital Taiyo Life Insurance, profile picture
Capital Taiyo Life Insurance ist bei Facebook. Melde dich bei Facebook an, um dich mit Capital Taiyo Life Insurance zu verbinden.
Capital Taiyo Life Insurance, profile picture
Capital Taiyo Life Insurance ist bei Facebook. Melde dich bei Facebook an, um dich mit Capital Taiyo Life Insurance zu verbinden.
Capital Taiyo Life Insurance, profile picture

“ကျန်းမာရေးအာမခံ၊ ငွေပင်ငွေရင်းအသက်အာမခံနှင့် စုပေါင်းအသက်အာမခံဝယ်ယူထားသော Customer များအားလုံး ခံစားခွင့်ရရှိမည့် လူမှုရေးရန်ပုံငွေကျပ်သိန်း (၅၀၀) ဖွဲ့စည်းတည်ထောင်ခြင်း“

Capital Taiyo Life Insurance သည် ဖော်ပြပါအသက်အာမခံထားရှိထားသူများမှ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ Covid-19 ရောဂါ ကူးစက်ခံရကြောင်း အတည်ပြုကြေငြာချက်ရရှိသောအခါတွင် အောက်ဖော်ပြပါခံစားခွင့်များကို လူမှုရေးရန်ပုံငွေမှ ‌ပေးအပ်သွားမှာ ဖြစ်ပါတယ် .....

☑️ ကျန်းမာရေးအာမခံထားရှိသူများအတွက် မူလပေါ်လစီပါ အကျိုးခံစားခွင့်အပြင် လူမှုရေးထောက်ပံ့မှုအနေဖြင့် ကျပ် (၂) သိန်း နှင့် အာမခံအကျိုးခံစားခွင့်ငွေ၏ (၅၀)% ကို ထပ်မံခံစားခွင့် ပေးအပ်ခြင်း။
☑️ ငွေပင်ငွေရင်းအသက်အာမခံနှင့် စုပေါင်းအသက်အာမခံထားရှိသူများအတွက် မူလပေါ်လစီပါ အကျိုးခံစားခွင့်အပြင် လူမှုရေးထောက်ပံ့မှုအနေဖြင့် ကျပ် (၂) သိန်း ထပ်မံခံစားခွင့်ပေးအပ်ခြင်း။

စည်းကမ်းချက်များအနေဖြင့် .........

လူမှုရေးရန်ပုံငွေအကျုံးဝင်သောကာလမှာ (၁.၅.၂၀၂၀) မှ (၃၁.၇.၂၀၂၀) အထိ ဖြစ်ပြီး သတ်မှတ်ကာလ (၃) လအတွင်း တည်မြဲနေသော ပေါ်လစီများအားလုံး ခံစားခွင့်ရရှိမှာ ဖြစ်ပါတယ် ..

သတ်မှတ်ကာလ (၃)လအတွင်း စတင်ဝယ်ယူထားရှိပါကလည်း အသက်အာမခံပေါ်လစီစတင်ပြီး (၁၅) ရက်မြောက်နေ့တွင် လူမှုရေးရန်ပုံငွေထောက်ပံ့မှုအစီအစဥ် စတင်အကျုံးဝင်မှာ ဖြစ်ပါတယ် ..

သတ်မှတ်ကာလ (၃) လပြည့်သောအချိန်နှင့် လူမှုရေးရန်ပုံငွေ ကျပ်သိန်း (၅၀၀) ကုန်ဆုံးသောအချိန်မှသာ လူမှုရေးရန်ပုံငွေထောက်ပံ့မှုအစီအစဉ်ပြီးဆုံးမှာ ဖြစ်ပါတယ်နော် ..

“အသက်အာမခံထားရှိထားခြင်းဖြင့် မိမိတို့ဘဝအတွက် ငွေကြေးလုံခြုံမှု အပြည့်အဝပေးနိင်တဲ့ Capital Taiyo Life Insurance နှင့် ဆက်သွယ်လိုက်ရအောင်...”

#CapitalTaiyoLifeInsurance
#YourLifelongCompanion
#SocialFundforCovid19

Ist möglicherweise ein Bild von Text „Capital Taiyo Life Insurance Social Fund Covid 19 E Contact Us Us- 09 09 970019900, 09 961603090 info@capitaltaiyolife.com“
Seiten, die von der Seite mit „Gefällt mir“ markiert wurden
28.273 gefällt das
အာမခံစနစ် ဖွံဖြိုးဖို့ အုပ်တစ်ချပ် သဲတစ်ပွင့်ပမာ
ပါဝင်ကုညီခြင်းဖြစ်ပါတယ်
9,4 Mio. gefällt das
Official Facebook page for The Economist newspaper. First published in 1843 to take part in 'a...
257.772 gefällt das
တိကျခိုင်မာတဲ့သတင်းတွေကိုဖော်ပြပေးပါတယ်။
http://themodernweekly.com/
Aktueller Beitrag der Seite

အသိပေးကြေညာခြင်း

လက်ရှိဖြစ်ပွားနေသည့် အခြေအနေအရပ်ရပ်များကြားတွင် Capital Taiyo Life Insurance Limited အနေဖြင့် Customer များအတွက်လည်း စိတ်ပူနေမိပါသည်။
ကုမ္ပဏီထံသို့ အရေးတကြီးဆက်သွယ်ရန်လိုအပ်ပါက အောက်ပါ Customer service phone number များ (သို့မဟုတ်) Page chat box သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည် ။

Call Center: 09-765453422, 09-765453423

#Insurance


G&G Convenience Store များမှလစဉ်ပရီမီယံကြေးများပေးချေနိုင်ပြီဖြစ်ကြောင်း အသိပေးခြင်း

မင်္ဂလာပါရှင် 💕
Capital Taiyo Life Insurance Limited တွင် နှစ်တိုငွေပင် ငွေရင်း အသက်အာမခံထားရှိသော Customer များအတွက် G&G Convenience Store များမှ တစ်ဆင့် လစဉ် ပရီမီယံကြေးများ ပေးချေနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်
“Premium Payment Enquiry App” ကို Google Play Store တွင် Update ပြုလုပ်ပြီး Make Payment မှ တစ်ဆင့် G&G ကိုဝင်ပြီး Pay ကိုနှိပ်၍ barcode ထွက်လာပါက ထို barcode ကို G&G တွင်ပြပြီး ကျသင့်သော ပရီမီယံကြေးကို ပေးချေလို့ ရပါတယ်ရှင့် ...
ယခု လက်ရှိမှာတော့ ကြည့်မြင်တိုင်မြို့နယ်ရှိ G&G ဆိုင်များမှာပဲ ယာယီ အသုံးပြုလို့ ရနိုင်ပါသေးတယ် ...
မကြာမီ အချိန်အတွင်းမှာ G&G ဆိုင်တိုင်းမှာ ပေးချေလို့ ရအောင် ကြိုးစားနေကြောင်း အသိပေးအကြောင်းကြားအပ်ပါတယ်ရှင့် ။

Call center - 09765453422, 09765453423

"အသက်အာမခံထားရှိထားခြင်းဖြင့် မိမိတို့ဘဝအတွက်ငွေကြေးလုံခြုံမှု အပြည့်အဝပေးနိုင်တဲ့ Capital Taiyo Life Insurance Limited နှင့် ဆက်သွယ်လိုက်ရအောင်”





Capital Taiyo Life Insurance Limited ရဲ့ အာမခံ (၁၀)မျိုး
Capital Taiyo Life Insurance Limited သည် အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ ခွင့်ပြုချက်အောက်တွင် အာမခံအမျိုးအစားသစ်များထုတ်လုပ်နိုင်ရန် ဆောင်ရွက်လျက်ရှိပြီး လက်ရှိတွင် အာမခံ အမျိုးအစား (၁၀)မျိုး ကိုရောင်းချလျက်ရှိသည့် အပြင် အာမခံအမျိုးအစားအသစ်အနေဖြင့် ရွေးချယ်နိုင်သော စုပေါင်းအသက်အာမခံအသစ် (New Group Life) ကို လည်းမိတ်ဆက်ပြီး ရောင်းချသွားဖို့ရှိပါတယ် … ယခု ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မော်လမြိုင်၊ မုံရွာ၊ ပုသိမ်၊ ပြည် စသော မြို့များတွင်ရုံးခွဲများ ဖွင့်လှစ်ထားပြီး ၂၀၂၁ တွင် ပြည်နယ်နှင့် တိုင်းဒေသအသီးသီးတွင် ရုံးခွဲများ ထပ်မံဖွင့်လှစ်နိုင်ရန် ဆောင်ရွက်လျက်ရှိပါတယ် …

1) နှစ်တို ငွေပင်ငွေရင်း အသက်အာမခံ (Short-Term Endowment Insurance)
နှစ်တိုငွေပင်ငွေရင်းအသက်အာမခံဆိုတာ အာမခံထားရှိသူ အတွက်ဖြစ်စေ၊ သူ၏မိသားစုအတွက်ဖြစ်စေ၊ ငွေစုဆောင်းပေးပြီး ပေးသွင်းထားသည့် ပရီမီယံပမာဏထက် ပိုမိုသောအာမခံအကျိုးခံစားခွင့်ငွေ ရရှိနိုင်မည့်အပြင် မမျှော်မှန်းနိုင်သော အသက်အန္တရာယ်၊ ထာ၀စဥ်မသန်စွမ်းခြင်းနှင့် ကြုံတွေ့သောအခါတွင်လည်း ငွေကြေးအကာအကွယ်ပေးသော အာမခံအမျိုးအစား ဖြစ်ပါတယ် …

2) ပညာရေးအသက်အာမခံ (Education Insurance)
ပညာရေးအသက်အာမခံ၏ အနှစ်သာရမှာ အကျိုးခံစားခွင့်ရရှိမည့် သားသမီးများ တက္ကသိုလ်ပညာ သင်ကြားချိန်တွင် ငွေရေးကြေးရေးအတွက် စိတ်ပူပင်သောကကင်းဝေးစွာဖြင့် တက္ကသိုလ်မှ ဘွဲ့ရသည့်တိုင် ပညာသင်ကြားနိုင်ရန် ဖြစ်ပါတယ် ။ ထို့အပြင် ပညာရေးဖွံ့ဖြိုးတိုးတက်မှုကို လိုလားသည့် ပြည်သူများသည်မိမိတို့၏ ရင်သွေးများကို အဆင့်မြင့်တက္ကသိုလ်ပညာအား စိတ်ချမ်းမြေ့စွာဖြင့် သင်ကြားနိုင်စေမှာ ဖြစ်ပါတယ် …

3) စုပေါင်းအသက်အာမခံ (Group Life Insurance)
စုပေါင်းအသက်အာမခံဆိုတာ အလုပ်ရှင်မှ အလုပ်သမားများအတွက်ဖြစ်စေ၊ မိသားစုဝင်များ၊ မိတ်ဆွေသူငယ်ချင်းများနှင့် စုပေါင်း၍ဖြစ်စေ ၅ ယောက်အထက် အစုအဖွဲ့ဖြင့်ဖြစ်စေ ထားရှိနိုင်သော အသက်အာမခံအမျိုးအစားဖြစ်ပါတယ် ... စုပေါင်းအသက်အာမခံထားရှိထားခြင်းဖြင့် မတော်တဆ ထိခိုက်ဒဏ်ရာရရှိခြင်း၊ အသက်ဆုံးရှုံးခြင်းနှင့် ထာဝစဉ်မသန်မစွမ်းဖြစ်ခြင်းများ ကြုံတွေ့ခဲ့ပါက အာမခံထားရှိသူနှင့် မိသားစုဝင်များအတွက် ငွေကြေးကာကွယ်မှု အထောက်အပံ့ရရှိနိုင်မှာ ဖြစ်ပါတယ် …

4) ကျန်းမာရေးအာမခံ (Health Insurance)
ကျန်းမာရေးအာမခံဆိုတာ အာမခံထားရှိသူအတွက်ဖြစ်စေ၊ သူ၏မိသားစုအတွက်ဖြစ်စေ အာမခံထားရှိသူအနေနဲ့ မမျှော်မှန်းနိုင်သော ကျန်းမာရေး အခြေအနေဆိုးများနှင့် ကြုံတွေ့ရင်ဆိုင်လာရသည့်အခါ ငွေကြေးအထောက်အပံ့နှင့် ဆေးကုသစရိတ်များအတွက် အကျိုးခံစားခွင့်ပေးအပ်သော အာမခံအမျိုးအစား ဖြစ်ပါတယ် … ကျန်းမာရေးအာမခံ ဝယ်ယူထားခြင်းဖြင့် လတ်တလောဖြစ်ပွားလျက်ရှိသော Covid-19 အသက်ရှုလမ်းကြောင်း ဆိုင်ရာရောဂါအတွက် ကျန်းမာရေးအာမခံ အကာအကွယ် ရရှိနိုင်ပါတယ် …
Covid-19 အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါကြောင့်ဖြစ်စေ၊ အခြားသော ရောဂါကြောင့်ဖြစ်စေ၊ မတော်တဆမှုတစ်ခုခုကြောင့်ဖြစ်စေ၊ ဆေရုံ၊ဆေးခန်း တက်ရောက်ရခြင်နှင့် သေဆုံးခြင်းတို့ဖြစ်ခဲ့ပါက သတ်မှတ်ထားသည့်စည်းမျဉ်းစည်းကမ်းနှင့်အညီ ကျန်းမာရေးအာမခံ အကျိုးခံစားခွင့်များ ရရှိမှာဖြစ်ပါတယ် …

5) ပြင်းထန်သောရောဂါကုသမှုအာမခံ (Critical Illness Insurance)
ပြင်းထန်သောရောဂါကုသမှုအာမခံဆိုတာ မြန်မာနိုင်ငံတွင် အဖြစ်များသော အသက်အန္တရာယ်နှင့် နီးစပ်သည့် ပြင်းထန်သောရောဂါကုသမှုနှင့် စပ်လျဉ်း၍ ဆေးရုံတက်ကုသခြင်း၊ ခွဲစိတ်ကုသခြင်းနှင့် သေဆုံးခြင်းများအတွက် အတိုင်းအတာတစ်ရပ်အထိ ငွေကြေးအထောက်အပံ့ပေးသော အာမခံအမျိုးအစား ဖြစ်ပါတယ် …

6) ကိုယ်အင်္ဂါထိခိုက်မှုအာမခံ (Personal Accident Insurance)
ကိုယ်အင်္ဂါထိခိုက်မှုအာမခံသည် အာမခံဝယ်ယူထားသော မည်သူမဆို အာမခံသက်တမ်းအတွင်း မတော်တဆ ထိခိုက်မှုကြောင့် သေဆုံးခြင်း၊ ထာဝစဉ်မစွမ်းမသန်ဖြစ်ခြင်း၊ ကိုယ်အင်္ဂါ ထိခိုက်ဒဏ်ရာရခြင်း၊ ခြေလက်အင်္ဂါဆုံးရှုံးခြင်း၊ ဆေးရုံတက်ရခြင်း၊ အလုပ်မလုပ်နိုင်ခြင်းများ ဖြစ်ပွားသည့်အခါ သတ်မှတ်ထားသည့် နှုန်းထားများအတိုင်း အကျိုးခံစားခွင့်ရရှိမှာဖြစ်ပါတယ် …

7) ခရီးသွားအာမခံ (Travel Insurance)
ခရီးသွားအာမခံဆိုတာ ပြည်တွင်း/ ပြည်ပခရီးစဉ်များ၊ ဘုရားဖူးခရီးစဉ်များ ၊ အလုပ်ကိစ္စခရီးစဉ်များအတွက် စီးနင်းလိုက်ပါလာသောခရီးသွား ပြည်သူများ ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရခြင်း ၊ အသက်ဆုံးရှုံးခြင်း ၊ ထာ၀စဉ်မသန်စွမ်းဖြစ်ခြင်းများအတွက် ငွေကြေးအကာအကွယ်ပေးတဲ့ အာမခံဖြစ်ပါတယ် .. အသက်အရွယ်ကန့်သတ်ချက်မရှိပဲငွေကျပ် ၃၀၀ မှစတင်၍ ၀ယ်ယူနိုင်ပါတယ် …

8) မိုင် (၁၀၀) အောက်ခရီးသွားအာမခံ (Travel Insurance Under Mile 100)
ထိခိုက်ဒဏ်ရာ ရရှိခြင်း၊ ထိခိုက်ဒဏ်ရာအတွက် ဆေးရုံတက်ရခြင်း၊ ထိခိုက်ဒဏ်ရာကြောင့် အလုပ်မလုပ်နိုင်ခြင်း၊ ထာဝစဉ်မစွမ်းမသန်ဖြစ်ခြင်းနှင့် ထိခိုက်ဒဏ်ရာ‌ကြောင့်သေဆုံးခြင်းတို့အတွက် အကျုံးဝင်ပြီး ခရီးစဉ်အစမှ အဆုံးအထိ ခရီးစဉ်တစ်ခေါက်ကို ပရီမီယံကြေး ၁၀၀ ကျပ်သာကျသင့်သောအာမခံအမျိုးအစားဖြစ်ပါတယ် …

9) မြွေအန္တရာယ်အသက်အာမခံ (Snake Bite Insurance)
မြန်မာနိုင်ငံအတွင်းရှိ ကျေးလက်ဒေသများတွင်သာမက အချို့မြို့ပေါ်ရပ်ကွက်များတွင် မြွေအန္တရာယ် ကြုံတွေ့နိုင်ပါတယ် … မြွေအန္တရာယ်အသက်အာမခံ ထားရှိသူသည် မြွေကိုက်ခံရ၍ သေဆုံးလျှင် သော်လည်းကောင်း၊ ဆေးဝါးကုသမှု ခံယူရလျှင်သော်လည်းကောင်း၊ မြွေကိုက်ခံရသည့်နေ့မှ (၆)လ အတွင်း အကျိုးခံစားခွင့်ကို တောင်းခံနိုင်ပါတယ် …

10) အားကစားသမား ကိုယ်အင်္ဂါ ထိခိုက်မှုအာမခံ (Athletes Life Insurance)
အားကစားသမား ကိုယ်အင်္ဂါ ထိခိုက်မှုအာမခံတွင် အာမခံ ထားရှိသော အားကစားသမားသည် အာမခံသက်တမ်း အတွင်း အားကစားရုံ (သို့မဟုတ်) အားကစားကွင်း အတွင်း လေ့ကျင့် နေစဉ် ဖြစ်စေ၊ အားကစား ယှဉ်ပြိုင် နေစဉ် ဖြစ်စေ မတော်တဆ ထိခိုက်မိပါက အာမခံထားရှိသူသည် အကျိုးခံစားခွင့်များကို ရရှိမှာ ဖြစ်ပါတယ် … (ပြည်တွင်းရှိ အားကစား သမားများ၊ နိုင်ငံခြားသို့ သွားရောက် ယှဉ်ပြိုင်သည့် အားကစားသမားများ၊ ကျောင်းသား ကျောင်းသူများ ထားရှိသင့်သော အာမခံဖြစ်ပါတယ်)

“သင့်အနာဂတ်၊ သင့်မိသားစုဘဝ လုံခြုံစိတ်ချလှပစေဖို့ Capital Taiyo Life Insurance Limited ကို ရွေးချယ်လိုက်ပါ။”

Capital Taiyo Life Insurance Limited သည် အသက်အာမခံအကြောင်း ကျွမ်းကျင်နှံ့စပ်သော အရောင်းဝန်ထမ်းများမှလည်း Customer များနှင့် အသင့်တော်ဆုံးဖြစ်နိုင်မည့် အသက်အာမခံအမျိုးအစားကို ရွေးချယ်ဝယ်ယူနိုင်စေရန် အပြည့်အ၀ကူညီပေးလျက် ရှိပါတယ် ။ URL: http://www.capitaltaiyolife.com/

Capital Taiyo Life Insurance Limited အကြောင်းကို သိရှိလိုပါက - https://fb.watch/2Tww4wEPh4/

အာမခံထားငွေနဲ့ စုစုပေါင်းပေးသွင်းပရီမီယံတွက်ချက်ခြင်း အကြောင်း အသေးစိတ် သိရှိလိုပါက page chat box မှသော်လည်းကောင်း အောက်ဖော်ပြပါ ဖုန်းနံပါတ်များကို လည်းကောင်း ဆက်သွယ် မေးမြန်း နိုင်ပါတယ်နော် …

Capital Taiyo Life Insurance Limited
Address: No. 7, Pyay Road, Hlaing Township, Yangon, Myanmar
Phone: 09-970019900, 09-970072525, 09-961603090
Email: info@capitaltaiyolife.com
URL: https://www.capitaltaiyolife.com/mm/contact-us/
#CapitalTaiyoLifeInsuranceLimited
#YourLifelongCompanion
#Insurance

Ist möglicherweise ein Bild von Essen und Text „Short Term Endowment Insurance Capital Taiyo Life Insurance Education Insurance ance Group Life Insurance Health Insurance CriticalIliness Critical IlIness Insurance 21018 Capital Taiyo Life Insurance Limited ရဲ့ အာမခံ အာမခံ(၁၀)မျိုး (၁၀) Personal Accident Insurance Travel Insurance Travel Insurance Under Mile 100 www.capitaltaiyolife.com Snake Bite Insurance Athletes Life Insurance“
Ähnliche Seiten
155.478 gefällt das
Manulife is one of the world's leading life insurance companies and is proud to be re-entering the...
14.987 gefällt das
AYA Myanmar Life Assurance, a leading provider of innovative insurance in Myanmar, aims to deliver...
326.632 gefällt das
First National Insurance (General) Company Limited
Mehr ansehen