360ed, profile picture
360ed is on Facebook. To connect with 360ed, join Facebook today.
360ed, profile picture
360ed is on Facebook. To connect with 360ed, join Facebook today.
360ed, profile picture

မြန်မာနိုင်ငံပညာရေးကဏ္ဍ အဆင့်မြှင့်တင်နိုင်ရန် ပညာရေးဝန်ကြီးဌာန၏ ပံ့ပိုးမှုဖြင့် 360ed ၏ 'Universe Learning Platform’ မိတ်ဆက် ၊ M Pride Company ၏ ပူးပေါင်းမှုဖြင့် သင်ရိုးသစ် Grade 2 နှင့် 3 ၏ အင်္ဂလိပ်စာဘာသာရပ်အတွက် အခမဲ့သင်ထောက်ကူ application များ လှူဒါန်း၊

နေပြည် တော်၊ မြန်မာ၊ ဇွန်လ (၁၉) ရက်နေ့၊ ၂၀၂၀ ခုနှစ်

360ed သည် ပညာရေးဝန်ကြီးဌာန၏ ပံ့ပိုးမှုဖြင့် တီထွင်ထုတ်လုပ်ခဲ့သော 360ed Universe Learning Platform App ကို ယနေ့ (၁၉)ရက်နေ့ ဇွန်လ၊ ၂၀၂၀ ခုနစ် တွင် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် စာနယ်ဇင်း မီဒီယာများရှေ့မှောက်တွင် ချပြမိတ်ဆက်ခဲ့ပါသည်။

အဆိုပါ Platform app တွင်ပါဝင်သော အခြေခံပညာ မူလတန်း Grade-2 နှင့် Grade-3 အခမဲ့သင် ထောက်ကူ application များ အားလည်း M Pride Company ၏ ကျပ်သိန်း ပေါင်း (၁,၃၀၀) ကျော်လှူဒါန်းမှုဖြင့် ရေးဆွဲထုတ်လုပ်ခဲ့ပါသည်။

အဆိုပါ 360ed Universe learning platform မိတ်ဆက်ပွဲနှင့် MPride ၏ Grade 2၊ Grade 3 အခမဲ့ English apps လှူဒါန်းပွဲ အခမ်းအနားကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ နှင့် ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိလူကြီးများ တက်ရောက် ချီးမြှင့်ကြပါသည်။

ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြား၍ အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းမှ ကျေးဇူးတင်လွှာပေးအပ်ကာ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ 360ed ၏ အမှုဆောင်အရာရှိချုပ် ဒေါ်လှလှဝင်းနှင့် MPride ကုမ္ပဏီ၏ Managing Director ဦးဇော်မျိုးလှိုင်တို့မှလည်း Application အကြောင်းနှင့် လှူဒါန်းရခြင်း ရည်ရွယ်ချက်များအား တင်ပြဆွေးနွေးခဲ့ကြသည်။

360ed’s Grade-2 နှင့် Grade-3 English mobile application ၏ အကျိုးကျေးဇူးများ

(၁) Application download ရရှိပြီးသူတစ်ဦးအနေဖြင့် အင်တာနက်မလိုပဲ Offline ဆက်လက်၍ အသုံးပြုနိုင်ခြင်း၊

(၂) သင်ခန်းစာအသီးသီးမှ audioများကို နားဆင်နိုင်သည့်အတွက် အင်္ဂလိပ်စာ အသံထွက်မှန်မှန်ကန်ကန် လွယ်လင့်တကူ
လေ့လာသင်ယူနိုင်ခြင်း၊

(၃) ဆရာမွမ်းမံလေ့ကျင့်ရေးအကူ (teacher training tool) အနေဖြင့် အထောက်အကူပြုပေးနိုင်ပြီး application သုံးခြင်းအားဖြင့် သင်ခန်းစာ အစီအစဉ်များကို ကြိုတင်ပြင်ဆင်ပေးပြီးဖြစ်ခြင်း၊

(၄) AR နှင့် 4D ရုပ်လုံးကြွနည်းပညာဖြင့် သင်ကြားပေးသဖြင့် ကျောင်းသား/သူများ၏ အထူးစိတ်ဝင်စားမှုရရှိပြီး အာရုံစူးစိုက်မှုတိုးလာခြင်း၊

(၅) Mobile application ဖြင့် အပြန်အလှန် (interactive) သင်ယူနိုင်စေရန်ဖန်တီထားသဖြင့် သင်ခန်းစာများအား ကာလကြာရှည်စွာမှတ်မိစေခြင်း၊

(၆) နေရာဒေသအသီးသီးမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသားမိဘများ အရည်အသွေး ပြည့်မှီသည့် သင်ခန်းစာကို တပြေးညီရရှိခြင်း၊

(၇) Formative assessment သဘောတရားပါရှိသည့် ကစားနည်းဆန်သော အကဲဖြတ်မှုစနစ်ကြောင့် ကလေးများ၏ သင်ယူတတ်မြောက်မှုနှင့်တိုးတက်မှုကို ဆရာ/မများနှင့် မိဘများအနေဖြင့် စဉ်ဆက်မပြတ် လွယ်လင့်တကူသိနိုင်ခြင်း၊

(၈) အတန်းတွင်းတွင်သာမက၊ အတန်းချိန်ပြင်ပတွင်လည်း လွယ်လင့်တကူ အခမဲ့ပညာသင်ကြားခွင့်ရခြင်း၊

(၉) လျှပ်စစ်မီးရရှိရန်မလွယ်ကူသည့်ဒေသများ၌လည်း လက်ကိုင်ဖုန်းများသုံးနေသည်ဖြစ်သဖြင့် ထိုဒေသများတွင်ပါ လွယ်လင့်တကူလေ့လာသင်ယူနိုင်ခြင်း၊

360ed Universe App ကို အောက်ပါလင့်ခ်မှ ဒေါင်းပြီး အသုံးပြုကြည့်လိုက်ပါ။

https://play.google.com/store/apps/details?id=com.threesixtyed.universe

M Pride Myanmar
#360ed
#DatThinPone

360ed
Education Website
Pages Liked by Page
342K likes this
မြန်မာပြည်၏ ပထမဦးဆုံး သုံးဖက်မြင် ရုပ်လုံးကြွ စာကျက်ကတ်နှင့် အက်ပလီကေးရှင်း
Recent Post by Page
360ed, profile picture

🎉🎉 360ed's Mini Campaign လေးမှ ကံထူးရှင်ကြီးတွေ ထွက်ပေါ်လာပါပြီနော်…

🙏ပြိုင်ပွဲစည်းကမ်းလေးနှင့်အညီ ပါဝင်ယှဉ်ပြိုင်ခဲ့ကြတဲ့ ချစ် Customer ကြီးအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်ရှင့်…🙏

😪 ဒီတစ်ခေါက်အတွက် ကံထူးရှင်ဖြစ်ခွင့်မရခဲ့ပေမယ့်👉 နောက်လာမည့်ဉာဏ်စမ်းလေးတွေမှာ 😍 ကံထူးရှင်တစ်ယောက်ပြန်လည်ဖြစ်ခွင့်ရနိုင်တာမို့ Page လေးကို See First လုပ်ထားပေးကြပါအုံးနော်…💬💬💬

🏆 ဆုရရှိသူ (3) ဦးကတော့
1. Daw Ei Thaer
2. Kaung Myat Paing
3. Thida Hlaing 📥 360ed's Page Chat Box လေးသို့ တိုက်ရိုက်ဆက်သွယ်၍ ဆုမဲလေးတွေထုတ်ယူပေးကြပါအုံးနော်…😉😉

🥰ပျော်ရွှင်စရာကောင်းတဲ့ နေ့လေးတစ်နေ့ဖြစ်ပါစေ...🗯🗯

#happytime #happyhours #be_genius
#DatThinPone
#VisioneeringLearning
#360ed #UniverseApplication
#LuckyDraw

May be an image of 3 people and text that says 'WINNER 36Ged ÛL Visioneering Learning WINNER Kaung Myat Paing Thida Hlaing Daw Ei Thae ဖုန်းဘေလ်လက်ဆောင် ကံထူးရှ် ကြီးတွေ ထွက်ပေါ်လာပါပြီနော်'
360ed
Education Website
360ed, profile picture

“Education is the passport to the future, for tomorrow belongs to those who prepare for it today.” - Malcolm X

📌 ပညာရေးအတွက် အနာဂတ်မှာ မြင့်မားလာဖို့ ကျနော်တို့လုပ်ဆောင်ကျရမယ် တာဝန်တွေအများကြီးရှိနေပါသေးတယ်။

📌ယနေ့ခေတ်အတွက် နည်းပညာခေတ်တစ်ခုမှာ ကျနော်တို့ရှင်သန်နေကြရပါတယ်။
ဖုန်းတစ်လုံး လူတိုင်းကိုင်ဆောင်နိုင်သည့် ယနေ့ခေတ်မှာ ကျနော်တို့အနေနှင့် ဖုန်းဆိုတာ ဆော့စရာတစ်ခု ကစားစရာတစ်ခုလိုမထင်မိစေချင်ပါဖူး….

📌 သတင်းအချက်အလက်များ၊ ပညာရေးအတွက် သင်ထောက်ကူ learning Platform များစွာ ပေါ်ပေါက်လာတဲ့ခေတ်ကြီးထဲမှာနောက်ကျမကျန်ခဲ့စေချင်မိပါဖူး…
ကလေးငယ်၊ ကျောင်းသား၊ ကျောင်းသူများအတွက် Self Learning တစ်ခုပိုမိုဖွံဖြိုးလာစေချင်မိတယ်။

📌 ဒါ့ကြောင့် ကျနော်တို့ အနာဂတ်အတွက် အိမ်မက်တံခါလေးတွေ ဖွင့်ထားနိုင်ဖို့...
ကျနော်တို့ ပညာရေးကဏ္ဏတွေ ဆက်လက်ရှေ့တက်ဖို့လိုအပ်ပါတယ်။

credit:google
#DatThinPone
#VisioneeringLearning
#360ed #todayquotes

May be an image of 1 person and text that says '36Ged Visioneering Learning Education " is the passport to the future, for tomorrow belongs to those prepare for it today. who Malcolm X'
360ed, profile picture

📱 ဖုန်းတစ်လုံးဆိုတာ… ဆော့စရာတစ်ခုပါ။
🔍လေ့လာနိုင်မည့် အရာတစ်ခု မဟုတ်ပါဖူးလို့ထင်မိတဲ့အခါ… 🤔
🌎 360ed ရဲ့ Universe ကမ္ဘာထဲကို အလည်လာဖို့ ဖိတ်ခေါ်ပါရစေ…🙏🙏🙏

📱 ဖုန်းတစ်လုံးရှိရုံဖြင့် အလွယ်တကူလေ့လာသင်ကြားနိုင်မယ့် 👨‍🏫 Learning Application လေးတစ်ခု 🌎360ed မှာရှိနေပြီနော်…

👌 Android Version 6 နှင့်အထက် မည်သည့်ဖုန်းအမျိုးအစားမဆို အသုံးပြုနိုင်တာမို့ 💬 အခုပဲ စတင်အသုံးပြုလိုက်ကြပါ။

📥 Application Download ရယူနိုင်ရန်အတွက်...
Google Playstore Link: https://bit.ly/30sYa0K
Huawei App Gallery Link: https://bit.ly/36FMuKl

👉👉👉 www.360ed.org တို့တွင် ဓာတ်သင်ပုန်းလေးများအကြောင်းဝင်ရောက်လေ့လာနိုင်ပါတယ်ရှင့်…💁‍♀‍💁‍♀‍💁‍♀‍

#Downloadon #Playstore #HuaweiAppGallery
#DatThinPone
#VisioneeringLearning
#360ed #Universe

May be an image of screen, phone and text
360ed
Education Website
Related Pages
342K likes this
မြန်မာပြည်၏ ပထမဦးဆုံး သုံးဖက်မြင် ရုပ်လုံးကြွ စာကျက်ကတ်နှင့် အက်ပလီကေးရှင်း
17K likes this
The Myanmar Law Information System is a website providing service of the Myanmar law information.
391K likes this
Official Page of Centers for Disease Control and Prevention, Myanmar
See More